မြန်မာ ငါးဖမ်းသမား ၃ ဦးအား အိန္ဒိယနိုင်ငံမှ ဖမ်းဆီးထား

alt

ပင်လယ်ထဲ မျောပါခဲ့ဖွယ် ရှိသော မြန်မာ ငါးဖမ်းသမား ၃ဦးအား စနေနေ့ မနက်ပိုင်းက အိန္ဒိယပိုင် ကိုဒီယက္ကာရိုင် (Kodiakkarai) အနီး ကမ်းခြေ တခုတွင် တွေ့ရှိခဲ့ရသည်။

မြန်မာ အလံလွှင့်တင် ထားသော ၂၅ပေ အရှည်၊ ၁၄ပေ အကျယ်၊ ၅ပေ အနက်ရှိ ၎င်းတို့၏ လှေငယ်ကို သစ်တော အလုပ်သမား တဦး၏ အကူအညီ နှင့် ရှာတွေ့ခဲ့ခြင်းလဲ ဖြစ်သည်။ ငါးဖမ်းသမား များတွင် မှတ်ပုံတင် အထောက်အထားများ မပါရှိ ခြင်းနှင့် ဘာသာစကား အခက် အခဲ ကြောင့်လည်း အသေးစိတ် အချက် အလက်များ စစ်ဆေး မေးမြန်း ရန် ခက်ခဲလျက်ရှိကြောင်း သိရှိရသည်။ ဤ အဖြစ်အပျက်ကို အိန္ဒိယ ပတ်စပို့တ် အက်ဥပဒေအရ စာရင်းသွင်းထားပြီး ၎င်းတို့ကို ဗီဒါရန်နီယန် ရဲစခန်းတွင် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

ထိန်းသိမ်း ခံထားရသူ သုံးဦးမှာ အေးမင်း (၃၁ နှစ်)၊ သန့်ဇင် (၃၀ နှစ်)၊ လွင်မျိုးထက် (၂၅ နှစ်) တို့ဖြစ်ကြပြီး ရန်ကုန်နယ် တဝိုက်တွင် နေထိုင်သူများ ဖြစ်နိုင်သည်ဟု ယူဆ နေကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here