အလှူအတန်း ရက်ရောလှသည့် ဩစတြေးလျ နိုင်ငံသား

alt

ရက်ရောလှသည့် ဩစတြေးလျ နိုင်ငံသား တဦးသည် ဒုတိယ အကြိမ်မြောက် မိမိ၏ပိုင်ဆိုင်မှု မှန်သမျှ အလှူ ဒါနပြုမှုကို ခရစ္စမတ်နေ့က ပြုလုပ်ခဲ့သည်။ ခရစ္စမတ် ဘိုးဘိုးကြီး ဆန်တာကလော့ အဖြစ် ၀တ်ဆင်

ထားသည့် ဒင်းနစ်စတီဗင်ဆင် သည် ပိုင်ဆိုင်မှု မှန်သမျှအား စိတ်ကြိုက် ယူငင်ခွင့်ပြုကာ ခရစ္စမတ် လက်ဆောင် အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သက်ရှိထင်ရှား ဆန်တာကလော့ အဖြစ် တင်စား ခံနေရသည့် စတီဗင်ဆင်သည် ယင်းကဲ့သို့ ဒါနမျိုးကို ယမန်နှစ် ခရစ္စမတ်က စတင်ခဲ့ခြင်း ဖြစ်သည်။ ကွင်းစလန်တွင် နေထိုင်သည့် စတီဗင်ဆင်သည် ယမန်နှစ်က ၎င်း၏အိမ်အား ဖွင့်ပေးကာ မည်သူမဆို ကြိုက်နှစ်သက်ရာ ယူငင်ခွင့် ပေးခဲ့ပြီး ယခုနှစ်တွင်မူ ဂိုးကို့စ်တွင် ဆိုင်ခန်းတခု ဖွင့်လှစ်ကာ ရှိသမျှကို စိတ်ကြိုက် ယူငင်ခွင့် ပေးခဲ့သည်။ စတီဗင်ဆင်သည် စံချိန်တင် လောက်သော ၎င်း၏ ဒါနတွင် ပူးပေါင်း ပါ၀င်ရန် အခြားသော အလှူရှင်များကိုပင် ဖိတ်ခေါ် ခဲ့သေးသည်။

မိမိအနေနှင့် နိုင်ငံ၏ ချစ်စရာကောင်းသော ခရစ္စမတ် ၀ိဉာဉ်ကို လူတိုင်း ခံစားခွင့်ရရန် စီစဉ်ပေးခြင်းသာ ဖြစ်ကြောင်း စတီဗင်ဆင်က ပြောကြားခဲ့သည်။ ၎င်းသည် ထိုအလှူ ဒါနလုပ်ငန်းကို Spirit of Christmas ဟု အမည်ပေးထားပြီး လာမည့် နှစ်များတွင်လည်း အကောင်အထည် ဖော်သွားဦးမည်ဟု Reuters သတင်းဌာနသို့ ပြောကြားလိုက်သည်။

စတီဗင်ဆင် သည် ၎င်း၏ဆိုင်ကို ဒီဇင်ဘာ (၂၂)ရက် နေ့က စတင် ဖွင့်ပေးခဲ့ပြီး ဆိုင်တွင် ထည့်သွင်း ထားသမျှ ပစ္စည်းအားလုံး၏ (၉၀) ရာခိုင်နှုန်းကျော်ကို လက်ဆောင်အဖြစ် ရယူ သွားကြကြောင်း သိရှိရသည်။ ထို့အပြင် ခရစ္စမတ်ညက အထူးလက်ဆောင် များကိုလည်း ပေးခဲ့သေးကြောင်း စတီဗင်ဆင် က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here