စစ်အစိုးရမှ လာမည့်နှစ်တွင် ဈေးကွက်ချဲ့ထွင်၍ စပါးပိုမို တင်ပို့မည်

alt

မြန်မာ နိုင်ငံသည် ဆန်စပါး ပို့ကုန်ကို ပိုမိုတိုးမြှင့် သွားမည်ဟု သိရှိရပြီး၊ နိုင်ငံ တကာ ဈေးကွက်သို့ တင်ပို့ ရောင်းချ နေသည့် အပြင် နောက်ထပ် ကုန်သွယ် ဖက်အဖြစ် ဥရောပ ယူနီယံ နိုင်ငံများသို့

ဈေးကွက် တိုးချဲ့ ဆန်စပါးများ တင်ပို့ သွားမည်ဟု တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းဌာနသို့ ပြောကြား လိုက်သည်။

ဇီယာ ဆန်များအား ဥရောပ နိုင်ငံများမှ မှာယူမှု ပိုမိုများပြား လာပြီးနောက် မြန်မာနှင့် ဥရောပ ဆန်စပါး ကုန်သည်ကြီး များသည် ယခုနှစ် အောက်တိုဘာ လ က ဖိလစ်ပိုင်တွင် ကျင်းပသော ကမာ္ဘ့ ဆန်စပါး ညီလာခံတွင် တွေ့ဆုံ ဆွေးနွေမှုများ ပြုလုပ်ခဲ့ကြ သေးသည်။

မြန်မာ နိုင်ငံသည် ကူဝိတ် အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများ၊ အာဖရိက နိုင်ငံများသို့လည်း အမျိုးအစား ကောင်းမွန်သည့် ဆန်များကို တင်ပို့သွားရန် စီစဉ်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် များသည် အရှေ့အလယ်ပိုင်း-အာဖရိက – အာရှ ဆန်စပါး ညီလာခံကို ဇွန်လအတွင်း ဒူဘိုင်းတွင် ကျင်းပစဉ် ကလည်း တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံသည် ယမန်နှစ် အတွင်း ဆန်စပါးတန်ချိန် (၅)သန်းမျှ လျာထားချက်ထက် ပိုမိုထွက်ရှိကြောင်း တရုတ် သတင်းဋ္ဌာန ဆင်ဟွာက ဆိုသည်။ မြန်မာနိုင်ငံတွင် လယ်စိုက်မြေ ဟက်တာ (၈.၂၆)သန်းရှိပြီး ယမန်နှစ်အတွင်း ဆန်စပါးတန်ချိန် သန်း(၃၀)ထိ စိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံသည် လွန်ခဲ့သော နှစ်ပိုင်းများအတွင်း ဆန်စပါး တင်ပို့မှု တစထက်တစ တိုးမြှင့် ဆောင်ရွက်လာခဲ့ပြီး ယမန်နှစ်က တင်ပို့ခဲ့သည့် တန်ချိန်(၇)သိန်း ပမာဏသည် လွန်ခဲ့သော (၆)နှစ်က တန်ချိန် (၁)သိန်းနှင့် နှိုင်းယှဉ်လျင် စံချိန်တခု ဖြစ်ခဲ့သည်။ မြန်မာ့ ဆန်စပါး လုပ်ငန်းသည် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် ရပ်တံ့ သွားခဲ့သည့်တိုင် (၅)လ အတွင်း ပြန်လည်ကောင်းမွန် လာကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here