အက်ရှ်လေကိုး အတွက် ခရစ္စမတ် လက်ဆောင်အဖြစ် ကိုယ်ဝန် လွယ်ချင်ဟု ချယ်ရီကိုး ပြောကြား

alt

ခင်ပွန်းသည် အတွက် ခရစ္စမတ် လက်ဆောင် အဖြစ် ပထမဆုံးကိုယ်ဝန် ကို လွယ်ခွင့် ရချင်ကြောင်း ချယ်ရီကိုး က လန်ဒန်ထုတ် နယူးမဂ္ဂဇင်းသို့ ပြောကြား လိုက်သည်။

အင်္ဂလန် လက်ရွေးစင် နှင့် ချဲလ်ဆီး အသင်း ခံစစ်မှူး အက်ရှ်လေကိုး နှင့် လက်ထပ်ထားသည့် Girls Aloud အဖွဲ့မှ အဆိုတော်မလေးသည် လန်ဒန်၊ ဆာရေး အရပ်ရှိ သူမတို့ပိုင် နေအိမ် တွင် ခင်ပွန်းသည် နှင့်အတူ ခရစ္စမတ် ကာလကို Romantic ဆန်ဆန် ကုန်ဆုံးလိုသည့် ဆန္ဒရှိနေသည်။

X Factor အစီအစဉ်၏ ဒိုင်အဖြစ် ဆောင်ရွက်နေသူ ချယ်ရီက သူမရော၊ အက်ရှ်လေပါ မိသားစု ဘဝလေး တခုကို နှစ်နှစ်ကာကာ ပိုင်ဆိုင်လိုသည့် ဆန္ဒရှိနေကြောင်း၊ အက်ရှ်လေသည် ချဲလ်ဆီး အသင်းဖော်များ သားသမီး ရရှိလာတိုင်း ထိုကဲ့သို့ ပျော်ရွှင်စရာ ခံစားမှုမျိုး ပိုင်ဆိုင် လိုသည်ဟု ပြောပြ တတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ချယ်ရီနှင့် နီးစပ်သူ အချို့က သူမတို့ လင်မယားသည် မှိန်ဖျော့ဖျော့ ဖယောင်းတိုင် မီးရောင်လေးများ၊ နူးညံ့ ညင်သာသော ဂီတ သံလေးများဖြင့် ခရစ္စမတ်ကို ကြိုဆို ဖြတ်သန်းရန် ကြိုတင် စီစဉ်နေကြောင်း၊ ထိုအတွက်လည်း ရင်ခုန်ပျော်ရွှင် နေကြကြောင်း စသဖြင့် ပြောကြား သွားခဲ့သည်။

ထို့အပြင် အက်ရှ်လေမှာ ချယ်ရီ ကိုယ်တိုင်က ကလေးရရန် ကြိုးစားမည်ဟု ကတိပြုခဲ့သဖြင့် အလွန် ကျေနပ်နေကြောင်း သိရသည်။ အသက် (၂၆)နှစ် အရွယ် ချယ်ရီသည် ယခင်က ကလေးယူရန် စိတ်ကူး မရှိကြောင်း လူသိရှင်ကြား ၀န်ခံခဲ့သူ ဖြစ်သော်လည်း ယခုအခါတွင် စိတ်ပြောင်းလာကာ သာယာ ပျော်ရွှင်သော မိသားစုဘဝ တခုကို ထူထောင်နိုင်ရန် မျှော်လင့်လျက် ရှိနေပြီ ဖြစ်သည်။

ချယ်ရီသည် ခင်ပွန်းဖြစ်သူနှင့် အဆင်မပြေမှုများ ဖြစ်ခဲ့ဖူးပြီး သူမတို့နှစ်ဦး အိမ်ထောင်ရေး ပြိုကွဲနိုင်ကြောင်း ကောလဟာလ များပင် ထွက်ပေါ် ခဲ့ဖူးသော်လည်း ယခု အခါတွင်မူ လင်မယားနှစ်ဦး ပြန်လည် သင့်မြတ်မှု ရရှိနေပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here