ခရစ္စမတ် နံနက်ခင်းတွင် အိမ်တွင်း အကြမ်းဖက်မှုနှင့် မင်းသား ချာလီရှင်း ဖမ်းခံရ

alt

ဟောလီးဝုဒ် မင်းသား နှင့် ဟာသ သရုပ်ဆောင် ချာလီရှင်းမှ ခရစ္စမတ် နေ့  အစောပိုင်းတွင် ကော်ရိုရာဒို၊ အက်(စ်)ပန် ရှိ သူ၏ နေအိမ်တွင်  ဇနီးဖြစ်သူ  ဘရွတ်မူလာ တိုင်ကြား သဖြင့် အိမ်တွင်း အကြမ်းဖက်မှုဖြင့်

ဖမ်းဆီး ခံရကြောင်း သိရှိရသည်။

ချာလီရှင်း၏ ပြောရေးဆိုခွင့် ရှိသူ စတန်ရိုဆန်ဖီးလ်မှ ထိုသတင်းမှာ ဟုတ်မှန် ကြောင်း ယင်းနေ့ နံနက် ၈း၃၄ နာရီက သူ၏ ဇနီးသည်မှာ အရက်မူးနေပြီး စကားများကြရာမှ မူလာ ကိုယ်တိုင် ၉၁၁ သို့ ဖုန်းခေါ်ဆို တိုင်ကြားစဉ် အသက် (၄၄)နှစ် အရွယ် မင်းသားကြီးမှာ ဇနီးဖြစ်သူအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန် ပြင်ဆင်သဖြင့် ရဲမှဖမ်းဆီး၍ အာမခံ မပေးပဲ တိုက်ရိုက် အကျဉ်းထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ချာလီမှာ  ဇနီးသည်အား အန္တရာယ် ဖြစ်စေလောက်သော တိုက်ခိုက်မှု ပြုလုပ်မည် ဖြစ်သဖြင့် ရဲမှ စွပ်စွဲချက် ၃ခုဖြင့် ပစ်ကင်ခရိုင် ထောင်သို့ အာမခံ မပေးပဲ ပို့လိုက်ရခြင်း ဖြစ်ကြောင်း ရဲမှူးကြီး ဂျက်ဖ် လွန်စဒန်မှ ပြောကြားလိုက်သည်။ ချာလီမှာ တရားရုံးမှ ကြားနာမှု မလုပ်ခင် အထိ အကျဉ်းထောင်၌ နေထိုင်ရမည် ဖြစ်ပြီး ယခုအမှုမှာ  ဒုတိယ အကြိမ်မြောက်ဟု ဆိုသည်။

မျက်မြင် သက်သေများ အဆိုအရ အခင်းဖြစ်ပွားရာသို့ သူနာပြုယာဉ် ရောက်ရှိလာသော်လည်း မည်သူမှ ပြန်လည် သယ်ဆောင်ခြင်း မရှိသဖြင့် ဇနီးဖြစ်သူ ဘရွတ်မူလာ ထိခိုက် အနာတရ မဖြစ်နိုင်ဟု ဆိုသည်။ ကော်ရိုရာဒို ပြည်နယ် ဥပဒေများအရ အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ပွားလျှင် ရဲမှချက်ခြင်း လက်ငင်းဖမ်းဆီး ချုပ်နှောင်ပိုင်ခွင့် ရှိသည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here