အမေရိကားရှိ အသက်၂နှစ် အရွယ် ကလေးငယ်အား ဘားမိ(စ်) ပိုင်သွန် စပါးကြီးမြွေ ရစ်ပတ်သတ်ဖြတ်

alt

အသက် (၂)နှစ်မျှသာ ရှိသေးသော ကလေးငယ် တဦးအား ဘားမိ(စ်) ပိုင်သွန်(ခေါ်) မြန်မာ့မျိုးစိတ် စပါးကြီး မြွေတကောင်က ရစ်ပတ်သတ်ဖြတ် ပစ်လိုက်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွား၍ သေဆုံးသွား ခဲ့သည့် (၂)နှစ် သမီးလေး ရှောင်နာ ဟာရီ၏ အဖြစ်အပျက် အား (၂၀၀၉) ခုနှစ် အတွင်း ဖြစ်ပျက်ခဲ့သော ဒေသဆိုင်ရာ အထူးအဆန်း ဖြစ်ရပ်များတွင် နံပါတ်(၉) အဖြစ် အမေရိကန် ထိပ်သီး သတင်းဌာန များက ဖော်ပြခဲ့ကြသည်။

မြန်မာ့ မျိုးရင်း စပါးကြီးမြွေသည် ကလေး၏ မိဘများ မွေးမြူထားခြင်း ဖြစ်ပြီး ကလေးအား သတ်ဖြတ်ခြင်း မပြုမီ တရက်အလိုက လှောင်အိမ်အတွင်းမှ ထွက်ပြေး လွတ်မြောက် သွားရာမှ တဖန် ဖရော်ရီဒါ၊ ဆမ်တာခရိုင်၊ အောက်စဖို့ဒ် ဒေသရှိ အိမ်သို့ ပြန်လည် ရောက်ရှိလာပြီး ကလေးငယ်သည် ပုခက်အတွင်း အိပ်ပျော်နေစဉ် (၈)ပေခွဲ အရှည်ရှိ သတ္တဝါကြီး၏ ရစ်ပတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ရဲများသည် ထိုကိစ္စအတွက် ကလေး၏ မိခင်ဖြစ်သူ အသက် (၁၉)နှစ် အရွယ် ဂျရန်း အက်ရှလေ ဟာရေးနှင့် သူမ၏ (၃၂)နှစ် အရွယ် ချစ်သူ ချားလ် ဂျေဆန်ဒါနယ် တို့ကို သံသယမှုဖြင့် ဖမ်းဆီး ခဲ့သေးသည်။ ဒါနယ်သည် ကလေး၏ ဖြစ်ရပ်ကို မြင်တွေ့သည့် အခါ မီးဖိုချောင်မှ ဓားတချောင်းဖြင့် မြွေအားထိုးခဲ့ပြီး ကယ်တင်ရန် ကြိုးစား ခဲ့သေးသည်။ ထို့အပြင် အရေးပေါ် ဖုန်းနံပါတ် (911) သို့ ဆက်သွယ် အကြောင်းကြား ခဲ့သည်။

ရဲများသည် ထိုကိစ္စအား စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ကလေးငယ်အား ရည်ရွယ်ချက် ရှိရှိ သတ်ဖြတ်ရန် မြွေအား အသုံးချခဲ့ကြောင်း စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် (၁၅)နှစ် အထိ ကျခံရမည် ဖြစ်သည်။ ရှောင်နာလေး သေဆုံးမှုကြောင့် ပြည်ထောင်စု ရဲတပ်ဖွဲ့သည် အလွန်ကြီးမားသည့် မြွေများအား အိမ်မွေး တိရစာ္ဆန်အဖြစ် ရောင်းချမှုကို ကန့်သတ် ပိတ်ပင်ရန် စဉ်းစားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here