ကုလ အထွေထွေ ညီလာခံမှ မြန်မာ့၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုအား ပြင်းထန်စွာ ရှုတ်ချ

alt

၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံကြီးက မြန်မာပြည်တွင် လူ့ အခွင့်အရေးများ အကြီးအကျယ် ချိုးဖောက်မှု ရှိနေသည့် အတွက် ပြစ်တင်ရှုတ်ချ လိုက်ကြောင်း

သိရှိ ရသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ကြာသာပတေး နေ့တွင် အတည်ပြု လိုက်သော ပြဋ္ဌာန်းချက် အရ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွှတ်ပေးရန် မြန်မာ စစ်အစိုးရ ခေါင်းဆောင်များအား တိုက်တွန်း ပါရှိသည်။

အင်းလျားကန် စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းကို ရေကူး ဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ၀ီလီယံ ယက်တော (John William Yettaw) ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အပြစ်ပေးခဲ့သည့် အတွက်လည်း အထူး စိုးရိမ်ကြောင်းလည်း ထည်သွင်းရေးသား ထားသည်ဟု သိရှိရသည်။

၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ၎င်းပြဋ္ဌာန်းချက်ကို ထောက်ခံသည့် နိုင်ငံ ၈၆ နိုင်ငံ၊ ကန့်ကွက်သည့် နိုင်ငံ ၂၃ နိုင်ငံနှင့် မဲမပေးဘဲ နေခဲ့သည့် နိုင်ငံ ၃၉ နိုင်ငံ ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here