တိုင်းဂါးဝုဒ် ဘယ်သူနဲ့ စကြိုက်သလဲ လောင်းလို့ရပြီ ဆိုတဲ့ ပက်ဒီပါဝါ လောင်းကစား ဒိုင်

alt

ကမာ္ဘသိ လောင်းကစား ဒိုင်ကြီးတခု ဖြစ်သည့် Paddy Power က နာမည် ကျော် ဂေါက်သီး ချန်ပီယံ တိုက်ဂါးဝုဒ် နှင့် ဇာတ်လမ်း ရှုပ်ခဲ့သည် ဟု ပထမဆုံး ထုတ်ဖော် ၀န်ခံမည့် အမျိုးသမီး Celebrity မှာ မည်သူ ဖြစ်မည်

ဆိုသော အလောင်း အစား တခုအား ကြေးဖွင့် လိုက်သည်။

အမျိုးသမီး (၁၅)ဦး နှင့် အိမ်ထောင်ရေး ဖောက်ပြန် ခဲ့ကြောင်း စွပ်စွဲမှုများ ရင်ဆိုင် နေရသည့် ၀ုဒ် နှင့် ဇွန်လ အတွင်းက အတူတွဲ ဓာတ်ပုံအရိုက်ခံ ခဲ့သူ အဆိုတော် ဂျက်ဆီကာ ဆင်ဆမ် မှာ ထိပ်ဆုံးမှ ရပ်တည်နေပြီး Paddy Power က (၇း၄) ဖြင့် ကြေးဖွင့် ပေးခဲ့သည်။

ဒုတိယ လိုက်နေသူမှာ Mean Girl စတား အဆိုတော် မင်းသမီး လင်းဆေး လိုဟန် ဖြစ်ပြီး (၈း၁) အထိ သတ်မှတ် ခံထားရသည်။ ဘီလျံနာ ဂေါက်သီးသမား နှင့် ဇာတ်လမ်း ဖြစ်ခဲ့ကြောင်း ၀န်ခံလာဖွယ် ရှိသည့် အမျိုးသမီး စာရင်းတွင် တတိယ ရေပန်း အစားဆုံးမှာ Pop ဘုရင်မကြီး မက်ဒေါနား ဖြစ်ပြီး (၁၀း၁) အထိ အလေးပေး ခံထားရသည်။

ထို့အပြင် Transformers မင်းသမီး မီဂန်ဖော့စ်မှာ (၂၀း၁)၊ ဗြိတိသျှ အဆိုတော် ချယ်ရီကိုးလ်မှာ (၁၀၀း၁)၊ လူသစ်တန်းမှ အထူး ထင်ရှားလာသည့် အမေရိကန် အဆိုတော် ဆူဇန်ဘွိုင်းမှာ (၁၀၀၀း၁)ဖြင့် Paddy Power၏ စာရင်းတွင် ပါ၀င်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here