ဖေါ်မြူလာဝမ်း လက်ရှိ ချန်ပီယံအား မိုက်ကယ်ရှူးမေကာ က သူ ပြန်လာပြီဟု သတိပေးလိုက်

alt

မိမိ အနေနှင့် Formula 1 ကားမောင်း ချန်ပီယံ ဘွဲ့ကို နောက်တကြိမ် ဆွတ်ခူး ရန် ရည်မှန်းထားကြောင်း လူးဝစ် ဟယ်မီတန် နှင့် အခြားသော ငယ်ရွယ် သေးသည့် ပြိုင်ဘက် များအား မိုက်ကယ် ရှူးမေကာ က သတိပေး

ပြောကြား လိုက်သည်။

Formula 1 ကမာ္ဘ့ကားမောင်း ချန်ပီယံ ဘွဲ့ကို (၇)ကြိမ် သိမ်းပိုက်ဖူးသည့် နာမည်ကျော် ဂျာမန် ကားမောင်းသမားသည် ပြိုင်ကား ပြေးလမ်းများမှ အနားယူ ထားခဲ့ရာမှ ယခုအခါ မာစီးဒီး အသင်းနှင့် တနှစ်အတွက် ပေါင်စတာလင် (၇)သန်းတန် စာချုပ်ဖြင့် ပြိုင်ပွဲများသို့ ပြန်လည် ခြေချလာခြင်း ဖြစ်သည်။

အသက် (၄၃)နှစ် အရွယ် ရှူးမေကာက ၎င်းသည် မာစီးဒီး အသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားလိုက်ပြီး၊ ထို့အပြင် နာမည်ကျော် ဗြိတိန် ကားမောင်းသမား ဟယ်မီတန် အပါအဝင် ပြိုင်ဘက်များအား ဖြတ်ကျော်ကာ ပြေးလမ်းပေါင်း (၉၁)ခုတွင် ပထမ ရထားဖူးသည့် စံချိန်အား ဆက်လက် တိုးမြှင့်နိုင်မည်ဟု ရှူးမေကာ က ယုံကြည်နေခဲ့သည်။

ရှူးမေကာသည် ဖယ်ရာရီ ကားအသင်း နှင့်အတူ အောင်ပွဲအလီလီ ဆွတ်ခူး ရရှိခဲ့ဖူးပြီး ယခုအချိန်တွင်မူ မတော်တဆ ဆိုင်ကယ်မှောက်စဉ်က ရထားသည့် ဒဏ်ရာများအတွက် အနားယူ နေရပြီးချိန် ဖြစ်သည်။

သို့သော်လည်း ရှူးမေကာမှာ လာမည့်နှစ် ပြိုင်ပွဲတွင် စတင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဗြိတိန် ပရိသတ်အဖို့ အသက်(၂၄)နှစ် အရွယ် နာမည်ကျော် ဟာမီတန်နှင့် ၎င်းထက် (၁၉)နှစ် ပိုကြီးသည့် ချန်ပီယံဟောင်းတို့ ဗြိတိန် Grand Prixတွင် မတ်လ (၁၄)ရက်နေ့ ပြိုင်ပွဲ၌ အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ကို ရင်ခုန်မျှော်လင့် နေကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here