ခရစ္စမတ်နေ့ အကြို တွန်းလှည်းဖြင့် သွားလာသူ၏ ပီဇာ တောင်းစားသည့် အကြမ်းဖက်မှု

alt

လက်တွန်းလှည်းဖြင့် သွားလာ လှုပ်ရှား ရသော သေနတ်သမား တဦးက ဓားစာခံ (၅)ဦးကို ဖမ်းဆီး ထားပြီး နောက် ရဲများနှင့် အပြန်အလှန် ပစ်ခတ် မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ၊ အနောက် ဗာဂျီးနီးယား တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ခြိမ်းခြောက်မှု အတွင်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့သည့်တိုင် တစုံတဦးမျှ ထိခိုက်ဒဏ်ရာ ရသည်ဆိုသော သတင်းမျိုး မရှိခဲ့ချေ။

အမေရိကန် စုံထောက်တပ်ဖွဲ့မှ ပီတီရန် ဒီနာ က ထိုသူသည် ဓားစာခံ များကို ဖမ်းဆီးထားစဉ် ပီဇာမုန့်မှ လွဲပြီး မည်သည့်အရာမျှ မတောင်းဆို ခဲ့ဟု ပြောဆို သွားခဲ့သည်။

ဒီဇင်ဘာ (၂၃)ရက ်နေ့က အပြန်အလှန် ပစ်ခတ်မှုအတွင်း ယင်း လက်နက်ကိုင် အမျိုးသားသည် ရင်ဘတ်တွင် (၅)ပေါင် အလေးချိန်ရှိ ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားကြောင်း Wytheville Enterprise သတင်းစာက ဖော်ပြ ခဲ့သော်လည်း ပြည်နယ် ရဲတပ်ဖွဲ့ ကမူ ထိုသတင်းအား အတည် မပြုခဲ့ချေ။

အနီးရှိ ဆိုင်တခုမှ မန်နေဂျာဖြစ်သူ ဆူဆန်ဟိုမန် က ရဲများသည် မိမိတို့ အလုပ်သမား များအား တလမ်းကျော်တွင် ဖောက်ခွဲရေး ပစ္စည်းများ ကိုင်ဆောင် ထားသူတဦး ရမ်းကားနေသဖြင့် အလျင်အမြန် ဆိုင်မှ ထွက်ခွာရန် လာရောက် အသိပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

ရဲတပ်ဖွဲ့သည် အထူး SWAT တပ်ဖွဲ့နှင့် ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူ များအား စေလွှတ်ခဲ့ပြီး၊ ရဲများသည် (၈)နာရီကြာ ၀န်းရံ ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် တင်နဆီနယ်သား မသန်စွမ်း သေနတ်သမား ၀ါရန်ဂေတာ အား ခရစ္စမတ် အကြိုနေ့တွင် ဖမ်းဆီး နိုင်ခဲ့သည်။

၎င်းသည် ရဲတပ်ဖွဲ့ထံ လက်နက်ချ အဖမ်းခံ လိုက်ပြီးနောက် သွေးထွက် သံယိုမရှိဘဲ အခြေအနေ ငြိမ်းချမ်းသွားကြောင်း ဗာဂျီးနီးယား ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here