နှင်းခဲဖြင့် အပေါက်ခံရ၍ သေနတ်ဆွဲထုတ် ချိန်ခဲ့သည့် ရဲအား အလုပ်ထုတ်

alt

၀ါရှင်တန်ဒီစီ မြို့တော်တွင် နှင်းခဲဖြင့် အပေါက်ခံရ ခြင်းအား သေနတ်ဆွဲ ထုတ် ချိန်ခဲ့သည့်ရဲအား အလုပ်ထုတ် လိုက်ကြောင်း သိရှိ ရသည်။ မြို့တော် ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့ အကြီးအကဲ ကေသီလေနီယာ က

စစ်မှုထမ်းဟောင်း တဦးလည်းဖြစ် သည့် ရဲတပ်သား၏ အပြုအမူမှာ ပြည်သူ့ မြင်ကွင်းတွင် အလွန် အန္တရာယ် ရှိကြောင်း ဝေဖန် ခဲ့လိုက်ပြီး၊ ထို ရဲတပ်သား သည် ယခု သီတင်းပါတ် အစောပိုင်း ထိုစဉ်က ၎င်း၏ ကားအား ကလေးများ ဆော့ကစားသည့် နှင်းခဲဘောလုံး လာရောက် ထိမှန်ချိန်တွင် သေနတ်ဆွဲထုတ် လိုက်သည်ကို လုံခြံုရေး ကင်မရာများက မှတ်တမ်း တင်ထားခဲ့ ပြီးနောက် သတင်း မီဒီယာများက ဖော်ပြခဲ့ရာမှ အမေရိကားတွင် အုတ်အုတ်ကျက်ကျက် ဝေဖန်စရာ ဖြစ်ခဲ့ရသည်။

ကေသီက ထို ရဲတပ်သား၏ အမည်အား ပြောကြားခဲ့ခြင်း မရှိသော်လည်း YouTube တွင် လွှင့်တင်ထားသည့် ဗီဒီယို တခုတွင် ထိုသူသည် စုံထောက်ဘေလာ ဆိုသူဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ကေသီက ဖြစ်ပျက်လာသည့် အခြေအနေ အရပ်ရပ်အရ ၎င်းအား ရာထူးမှ ရပ်စဲရန်အပြင် အခြား ဖြေရှင်းစရာ နည်းလမ်း မရှိတော့ဟု ၀န်ခံ သွားခဲ့သည်။

ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ပီတာနယူးရှမ်းက သတင်းထောက် များအား တွေ့ဆုံစဉ် ထိုရဲ၏ သေနတ်နှင့် ကျည်ကပ် များကိုလည်း သိမ်းဆည်း ထားလိုက်ကြောင်း အတည်ပြု ပြောဆို သွားခဲ့သည်။ ထို့အပြင် ပြဿနာ ဖြစ်ပွားသည့်အချိန် ယင်းနေရာသို့ ရောက်သွားပြီး ပတ်ဝန်းကျင် အခြေအနေကို ထိန်းသိမ်း ပေးလိုက်နိုင်သည့် အခြားသော ရဲများအား ချီးကျူးပြောဆို သွားခဲ့သေးသည်။

သို့သော်လည်း ရဲတပ်ဖွဲ့ဝင် တဦးထံမှ ယခုလို မလိုလားအပ်သော မဖွယ်မရာ အပြုအမူမျိုးကို တွေ့မြင် ရခြင်းအတွက် စိတ် အနှောင့်အယှက် ဖြစ်မိကြောင်းလည်း ၎င်းက ၀န်ခံ ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here