နေပြည်တော်အား အရှိန်အဟုန်မြှင့် ဆက်လက် တည်ဆောက် နေဆဲ

alt

မြန်မာ နိုင်ငံ၏ မြို့တော်သစ် အဖြစ် ပြောင်းလဲ သတ်မှတ် လိုက်သော နေပြည်တော်တွင် တည်ဆောက်ရေး လုပ်ငန်း များအား အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည် ဟု သိရှိရသည်။

အဆောက်အအုံ အသစ်များ၊ လူနေ အိမ်များ၊ လမ်းမကြီးများ၊ ဈေးကြီးများ၊ ဟိုတယ်၊ မိုတယ်များနှင့် အပန်းဖြေ ရိပ်သာများကို လွန်ခဲ့သည့် (၄)နှစ် ကတည်းက ထူထောင် ဆောက်လုပ်ခဲ့ သလို ယခုအချိန် အထိလည်း လုပ်ငန်းခွင်များ တိုးချဲ့ ဆောင်ရွက်နေဆဲ ဖြစ်သည်။

နေပြည်တော်အား မြို့တော်အဖြစ် ပြောင်းလဲ သတ်မှတ်ပြီးနောက် ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်း တို့အား မြို့နယ်( ၃)ခုအဖြစ် သတ်မှတ်ခဲ့သလို နောက်ထပ် မြို့နယ်သစ်များ အဖြစ် ဥဿရသီရိ၊ ဒက္ခိဏသီရီ၊ ပုပ္ပါးသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ (၅)မြို့နယ် စီမံကိန်းကိုလည်း စီမံ ဆောင်ရွက်နေခြင်းကြောင့် မြို့တော်သစ်တွင် စုစုပေါင်း မြို့နယ် (၈)ခု အထိ ပါ၀င်လာမည် ဖြစ်သည်။

နောင်တွင် နေပြည်တော်အား မန္တလေးတိုင်း အတွင်း ထည့်သွင်း သတ်မှတ်ထားမှုကို ဖျက်သိမ်းကာ သီးသန့်တိုင်း အဖြစ် ကြေညာမည်ဟု တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာန က ဖော်ပြခဲ့သည်။ ထို အတောအတွင်း မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်မှ အစိုးရ ၀န်ကြီးဌာန များအား နေပြည်တော်သို့ ရွှေ့ပြောင်း ပေးမှုကိုလည်း အလုံးစုံ ပြီးပြတ်အောင် ပိုမို ဆောင်ရွက်နေပြီ ဖြစ်သည်။

နေပြည်တော်သည် ရန်ကုန်မြို့မှ မြောက်ဘက်မိုင် (၃၉၀)ခန့် အကွာတွင် တည်ရှိပြီး (၂၀၀၅)ခုနှစ်၊ နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တရားဝင် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်ရာ မှတ်တမ်း မှတ်ရာများအရ နေပြည်တော်သည် စတုရန်း ကီလိုမီတာ (၇၀၀၀)ကျော် ကျယ်ဝန်းပြီး လူဦးရေ (၉၂၀၀၀၀) ကျော် လတ်တလော နေထိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here