အော့ဇဝစ် အကျဉ်းထောင် တံခါးရှိ ဆိုင်းဘုတ် ခိုးယူမှု ဆွီဒင် လူမျိုးတဦး ပါဝင် ပတ်သက်နေ

alt

အော့ဇဝစ် အကျဉ်းထောင် အမှတ် အသားပါ အဝင်အဝ ဂိတ်တံခါးရှိ သံ ဖရိမ် ဆိုင်းဘုတ်အား ခိုးယူသွားသည့် ကိစ္စ၏ နောက်ကွယ်တွင် ဆွီဒင် လူမျိုးတဦး ပါ၀င် ပတ်သက်နေကြောင်း ပိုလန် သတင်း မီဒီယာများက ဖော်ပြ

ခဲ့ကြသည်။

ဒုတိယ ကမာ္ဘစစ် ကာလအတွင်း နာဇီ တို့ ဂျူး လူမျိုးအများစု ပါ၀င်သည့် လူ (၁)သန်း ကျော်အား မျိုးဖြုတ် သုတ်သင်ခဲ့သည့် ငရဲခန်း၏ ဂိတ် ဆိုင်းဘုတ်ကို ၃ပိုင်း ဖြတ်ခိုး သွားသူ (၅)ဦးအား ပိုလန် ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ပြီးနောက် ထိုကိစ္စအား ဆွီဒင်ရှိ အမှတ်တရ ပစ္စည်း စုဆောင်းသူ တဦးက ခိုင်းစေခဲ့ခြင်းဟု သံသယ ရှိနေကြသည်။

ဂျာမန် ဘာသာဖြင့် Arbeit macht frei ( အလုပ် က လွတ်လပ်ခွင့်ကို ပေးနိုင်တယ် ) ဟု ရေးသားထားသော အမှတ်အသား ဆိုင်းဘုတ်ကိုလည်း ရဲများက ယခုအခါ ပြန်လည် သိမ်းဆည်း လိုက်ပြီ ဖြစ်သည်။ ပိုလန် သတင်းများက ထို သံဖရိမ် ဆိုင်းဘုတ်အား ဆွီဒင် လူမျိုးတဦးက ယူရို(၁၀၀၀၀) မှ (၃၀၀၀၀)ကြား ပေးကာ ၀ယ်ယူမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း ထိုဆိုင်းဘုတ်မှာ မှောင်ခိုဈေးကွက်တွင် ယူရို ၁သန်းပေါက်ဈေး ရှိသည်ဟု သိရှိရပြီး၊ ထို ဆွီဒင် လူမျိုးမှာ ယောက်ျား၊ မိန်းမ အသေအချာ မသိရသေးသလို မည်သည့် နေရာတွင် နေထိုင်ပြီး ဖမ်းဆီး ခံထားရခြင်း ရှိ / မရှိကိုမူ ပိုလန် သတင်းများက အသေးစိတ် မဖော်ပြခဲ့ပေ။

ပိုလန် ရဲတပ်ဖွဲ့မှ ဒူရစ်နိုဝက်က ကိစ္စတိုင်းအတွက် အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေကြောင်း Reuters သတင်းဌာနသို့ ပြောကြား ခဲ့သော်လည်း ပိုလန် မီဒီယာများ ဖော်ပြသည့် ကိစ္စများကို အတည်ပြုချက် ပေးရန် ငြင်းဆန်သွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here