သေပြီးမှ နာရီဝက် အကြာတွင် ပြန်ရှင်လာသည့် တရုတ် အမျိုးသမီး

alt

တရုတ်နိုင်ငံမှ အမျိုးသမီးကြီး တဦး သည် သေပြီး နာရီဝက် အကြာတွင် အသက်ပြန်ရှင် လာခဲ့ကြောင်း သိရှိ ရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၁၆)ရက် ဗုဒ္ဓဟူးနေ့က ဖြစ်ရပ်အတွင်း ဟူနန် ဒေသမှ အသက် (၇၃)နှစ် အရွယ်

အဖွားအို သည် နှလုံးခုန် ရပ်တန့် သွားပြီး လျှပ်စစ် နှလုံးခုန် တိုင်းတာရေး ကိရိယာတွင်လည်း သေဆုံး သွားခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြ နေခဲ့သည်။

ယခင် ကတည်းက နှလုံး ချို့ယွင်းမှု ဝေဒနာကို ခံစားနေရသည့် အမျိုးသမီးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ဆရာဝန်များက သတ်မှတ် ခဲ့သော်လည်း မိနစ် (၃၀) အကြာတွင် အသက်ပြန်ရှင် လာခြင်းဖြစ်သည်။

ဆရာဝန် များက ယခု ကိစ္စသည် ရှားရှားပါးပါး ဖြစ်ရပ် ဖြစ်ကြောင်း၊ လူတဦး အနေနှင့် မိနစ်(၃၀) လုံးလုံး နှလုံးမခုန်ဘဲ အသက်ရှင် နေနိုင်သည်မှာ အလွန်ခက်ခဲသည့် အံ့ဩဖွယ်ရာ ကိစ္စမျိုး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

နောက် ဆရာဝန် တဦးကမူ လူနာတဦး အနေနှင့် (၆)မိနစ်မျှ နှလုံးမခုန်ဘဲ ရှိနေလျှင်ပင် အသက် ဆုံးရှုံးပြီဟု ယူဆနိုင်ကြောင်း၊ ထို အဖွားအိုသည် အလွန် ကံထူးသူ ဖြစ်ကြောင်း အသီးသီး ထုတ်ဖော် ပြောကြား သွားခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here