စစ်အစိုးရက ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်၏ ခရီးစဉ် ဒုတိယအကြိမ် ငြင်းဆို

alt

၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ်၏ ဒုတိယမြောက် ခရီးစဉ်ကို မြန်မာ စစ်အစိုးရ အာဏာပိုင် များက နောက် ထပ် တကြိမ် ပယ်ဖျက် လိုက်သည်ဟု 

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား က ယမန်နေ့က အတည်ပြု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား က မြန်မာ အစိုးရဖက်က အကြောင်းကြားစာမှာ အသေးစိတ် ဖေါ်ပြထားခြင်း မရှိဘဲ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ လက်ရှိ အချိန်အခါမှာ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို စီစဉ်မှု မပေးနိုင်တဲ့ အကြောင်းကိုဘဲ ဖေါ်ပြ ပါရှိတယ်လို့ ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မြန်မာ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ အတွက် အချက်အလက် ရှာဖွေရေး ခရီးစဉ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ အကုန်ထဲက တောင်းဆိုခဲ့ပေမယ့်၊ မြန်မာ စစ်အစိုးရ ဖက်က ရက်ရွှေ့ဆိုင်း ခဲ့သောကြောင့်၊ ဒီဇင်ဘာလ တတိယ အပါတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ခွင့် ပေးဖို့ ထပ်မံ ပန်ကြားခဲ့ရမှာ ယခုလို ထပ်မံ ရွှေ့ဆိုင်းခဲ့ကြောင်း ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ဆိုးဝါးနေပြီး၊ အရှေ့ပိုင်း နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ပိုမို ဆိုးဝါးလာတယ်လို့ ပြောဆိုခဲ့ပြီး၊ ယခုတကြိမ် ကုလသမဂ္ဂကို တင်သွင်းမယ့် သူ့ရဲ့ အစီရင်ခံစာမှာ လူသားထု တရပ်လုံးအပေါ် ကျုးလွန်တဲ့ပြစ်မှု ( Crimes against humanity ) ဆိုတာမျိုး ကျူးလွန်ခြင်း ရှိ/မရှိ ဆိုတာကို လေ့လာစီစဉ်ပြီး တင်ပြမယ့် အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား က ပြောဆိုခဲ့တယ်လို့ သိရှိ ရပါတယ်။

မြန်မာ စစ်အစိုးရက လာမဲ့ ၂၀၁၀ ပြည့်နှစ်ထဲမှာ နောက်ဆက်တွဲ ခရီးစဉ်အဖြစ် လာရောက်ဖို့ အကြောင်းကြား စာမှာ ဖော်ပြ ထားပေမယ့်၊ သူ့အနေနဲ့ မြန်မာ စစ်အစိုးရက ခွင့်ပြုမယ် ဆိုရင် မြန်မာနိုင်ငံကို မည်သည့် အချိန်မဆို သွားရောက်ဖို့ ဆန္ဒရှိကြောင်း၊ ၂၀၀၉ ခုနှစ် အတွက် သူ့ရဲ့ ဒုတိယ ခရီးစဉ်ကို မြန်မာ စစ်အစိုးရက လက်မခံတာ ကတော့ ထင်ရှား နေပါတယ်လို့ မစ္စတာ ကင်တားနား ထည့်သွင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here