ဆယ်ကျော်သက် အရွယ်တွင် လိင် ဆက်ဆံမှု ပြုခဲ့သည့် အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာပိုဖြစ်နိုင်

alt

ငယ်စဉ် ဆယ်ကျော်သက် အရွယ်က လိင် ဆက်ဆံမှုများ ပြုလုပ်ခဲ့သော အမျိုးသမီးများ အနေနှင့် သားအိမ် ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြား တတ်ကြောင်း သုတေသီ ဆရာဝန် များက ဗြိတိသျှ ကင်ဆာ ဂျာနယ်သို့

ပြောကြားလိုက်သည်။

သုတေသီများ၏ အဆိုအရ အပျိုဖော် ၀င်စ ကတည်းက လက်တည့်စမ်း လိင် ဆက်ဆံမှု ပြုခဲ့သည့် အမျိုးသမီး များသည် သာမန်ထက် သားအိမ်ခေါင်း ကင်ဆာရောဂါ ရရှိနိုင်ခြေ သိသိသာသာ တိုးပွားလာသည်ဟု သုတေသန ရလဒ်များက ညွှန်ပြလျှက် ရှိသည်ဟု ဆိုသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ လိင်အင်္ဂါ ဖွံ့ဖြိုးစ အချိန်တွင် လိင် မှတဆင့် ကူးစက် တတ်သော ဗိုင်းရပ်စ် ပိုးများ၏ တိုက်ခိုက်မှုကို ပိုမိုခံရ တတ်ခြင်းကြောင့်ဟု သိရှိရသည်။ ဗြိတိန် ထုတ် ကင်ဆာဂျာနယ် က လူလားမြောက်သည့် အမျိုးသမီး တဦး ဖြစ်မလာခင် (၄)နှစ်မျှ စောကာ လိင် ဆက်ဆံမှု ပြုလုပ်ဖူးသည့် အမျိုးသမီး များသည် ထို ကင်ဆာ၏ ခြိမ်းခြောက်မှုကို ပိုမို ခံရနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အမျိုးသမီး တဦးအနေနှင့် သားဦး မွေးဖွားချိန်သည်လည်း သားအိမ်ခေါင်း ကင်ဆာနှင့် ပတ်သက်ပြီး သတိထားရမည့် အချက်တခု ဖြစ်သည်ဟု ထောက်ပြ ညွှန်းဆို၏၊  အသက် (၂၀)မပြည့်မီ ကလေး မွေးဖွားသည့် အမျိုးသမီး များသည် အသက် (၂၅)နှစ်နှင့် အထက်တွင်မှ သားဦး ရရှိသည့် အမျိုးသမီး များထက် ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားကြောင်း အမျိုးသမီး (၂၀၀၀၀)ကျော်၏ ဆေးမှတ်တမ်းများကို လေ့လာခဲ့သူ ဗြိတိန်ကင်ဆာ တိုက်ဖျက်ရေး ဌာနမှာ ဒေါက်တာ လက်စလီဝေါ့ကာ က ထောက်ခံခဲ့သည်။

ဒေါက်တာ လက်စလီက ယခု တွေ့ရှိမှုသည် အရေးပါကြောင်း၊ ဗြိတိန်တွင် ဆယ်ကျော်သက် အမျိုးသမီးငယ် များကြား ကိုယ်ဝန် ဖျက်ချမှု တစထက်တစ မြင့်မားလာခြင်းသည် သားအိမ်ခေါင်း ကင်ဆာနှင့်ပါ ဆက်စပ်နေသဖြင့် စိုးရိမ်စရာ ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here