တိုက်ဂါးဝုဒ်၏ ဇနီးဖြစ်သူ ကလေးများနှင့် အတူ ဆွီဒင်သို့့ ပြန်သွား

alt

တိုက်ဂါးဝုဒ်၏ ဇနီးဖြစ်သူ အီလင် နော့ဒ်ဂျရန် သည် ဆွီဒင်သို့ ခင်ပွန်း သည် မပါဘဲ ကလေး နှစ်ယောက်ကို ခေါ်ကာ ပြန်သွားကြောင်း ဖရော်ရီဒါရှိ ပန်းဘိချ် ပို့(စ်) သတင်းစာတွင်

ဖေါ်ပြ ထားသည်။

ယာဉ်တိုက်မှု ဖြစ်ရာမှ ကမာ္ဘကျော် ဂေါက်သီး ချန်ပီယံ၏ မိန်းမလှ ပွေမှုများ လူသိရှင်ကြား ပေါ်ပေါက် လာပြီးနောက် ဆွီးဒစ်ချ် မော်ဒယ်ဟောင်းသည် ခင်ပွန်းသည် မပါဘဲ မွေးရပ်မြေတွင် ခရစ္စမတ်ကို ကြိုဆိုရန် စီစဉ်၍ ပြန်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

နော့ဒ်ဂျရန် ပြန်သွားသည့် ထိုအချိန်တွင် ၀ုဒ်မှာ ဂေါက်သီး လောကမှ ခေတ္တ အနားယူကြောင်း ကြေညာပြီး သူ၏ ဒေါ်လာ သန်းချီတန်ပြီး ၁၅၅ပေ ရှည်သော Privacy အမည်ရှိ ကိုယ်ပိုင်ဇိမ်ခံ ရွက်လှေကြီးတွင် ဘာဘေးဒိုး ကျွန်းစုများမှ တဆင့် ဘဟားမားသို့ ကူးကာ အနားယူ နေသည်။

၀ုဒ်သည် အီလင်နှင့် အိမ်ထောင် ကျပြီးနောက် မိန်းကလေး (၁၄)ဦး ထက်မနည်းနှင့် အတူ အိပ်ခဲ့ကြောင်း ယင်း အမျိုးသမီးများက လူသိရှင်ကြား ၀န်ခံ ခဲ့ပြီးနောက် အိမ်ထောင်ရေး ပြိုကွဲမည့် ပြဿနာနှင့် ကြံုနေရသူ ဖြစ်သည်။ အသက် (၃၃)နှစ်ရှိ ၀ုဒ်သည် ယင်းသို့ ဖြစ်ပျက် နေသော ကိစ္စများကြောင့် အလွန်စိတ်နှလုံး မသာမယာ ဖြစ်နေကြောင်း မိတ်ဆွေများက ဆိုသည်။

၎င်းအတွက် အရာအားလုံး ဆုံးရှုံးနေသည့်နှယ် စိတ်ဓာတ် ကျနေကြောင်း၊ ယခု ခရစ္စမတ် ကာလသည် ၀ုဒ်အတွက် ပြဿနာ ထွေသည့် အချိန်လည်း ဖြစ်ကြောင်း သူငယ်ချင်း တဦးက ပြောကြားခဲ့သည်။

၀ုဒ် နှင့် အီလင်တို့သည် (၂၀၀၄)ခုနှစ်က လက်ထပ် ထိမ်းမြားခဲ့ပြီး သာယာ ပျော်ရွှင်သော အိမ်ထောင်တခုကို ထူထောင် နိုင်ခဲ့သည့်တိုင် ၀ုဒ်၏ အရှုပ်အထွေးများ ဘူးပေါ်သလို ပေါ်လာပြီးနောက် အီလင်သည် ကွာရှင်း ပြတ်စဲရေးအတွက် ဥပဒေ ပညာရှင်များနှင့်ပင် တိုင်ပင် နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here