တရုတ် – မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေး သဘောတူ လက်မှတ်ရေးထိုး

alt

တရုတ် အမျိုးသား ရေနံ ကော်ပိုရေး ရှင်း (CNPC) က တရုတ် – မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်းများ ဆောက်လုပ် ရေးအတွက် အပြီးသတ် သဘောတူ ညီမှုကို မြန်မာ စစ်အစိုးရ နှင့် လက်မှတ် ရေးထိုး လိုက်ပြီဖြစ်ကြောင်း

အတည်ပြု ပြောဆို သွားခဲ့သည်။

တရုတ် အစိုးရက ကျောထောက် နောက်ခံ ပြုထားသော CNPC သည် မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့များကို ၀ယ်ယူရန် အတွက် ယူနန် ဒေသကို ဖြတ်သန်းကာ မြန်မာနိုင်ငံ အတွင်းပိုင်းကိုပါ ကျော်ဖြတ်ပြီး ဓာတ်ငွေ့ ပိုက်လိုင်းကြီးများ တည်ဆောက်သွားမည် ဖြစ်သည်။

ထို ကိစ္စအတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ စတင်နေပြီ ဖြစ်သော်လည်း အပြီးသတ် သဘောတူညီမှုကို ယခုမှ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ CNPC သည် မြန်မာ စစ်အစိုးရနှင့် ရေနံပိုက်လိုင်း သွယ်တန်းရေး ကိစ္စများကို ယခုနှစ် ဇွန်လက စတင်ဆွေးနွေး အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

သဘောတူညီမှု အရ မြန်မာ စစ်အစိုးရသည် ပိုက်လိုင်းကြီးများ၏ လုံခြံုရေးကို တာဝန်ယူ စောင့်ကြပ် ပေးရမည်ဖြစ်ပြီး၊ တရုတ် နိုင်ငံသည် စွမ်းအင် ကဏ္ဍအတွက် အရှေ့အလယ်ပိုင်း ဒေသကို မှီခို နေရခြင်းအား လျှော့ချ နိုင်ရေးအတွက် အာရှ၏ သဘာဝ ဓာတ်ငွေ့ အများဆုံး ထွက်ရှိရာ မြန်မာနိုင်ငံမှ သယံဇာတ များကို သွယ်ယူနိုင်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ထို ပိုက်လိုင်းများသည် (၇၇၁) ကီလိုမီတာ ရှည်လျားကာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ တရုတ်နိုင်ငံ ကူမင်း အထိ သွယ်တန်း ဆောက်လုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here