အမေရိကားရောက် မြန်မာဒုက္ခသည်များ ခရစ္စမတ် အထိမ်းအမှတ် စုရုံး ကျင်းပကြ

alt

အမေရိကန် နိုင်ငံတွင် ရောက်ရှိခိုလှုံ နေကြသည့် မြန်မာဒုက္ခသည်များ သည် ဒီဇင်ဘာ (၂၁)ရက် နေ့က Delaware Aveune နိုင်ငံတကာ ပညာရေး ဌာနတွင် ခရစ္စမတ်ကို ကြိုဆိုသည့် တေး သီချင်းများ စုရုံး သီဆိုခဲ့ကြ

ကြောင်း ယနေ့ထုတ် ဘတ်ဖဲလိုး ဒေသ တွင်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ချင်း ပြည်နယ် မှ ရောက်ရှိလာသည့် ခရစ်ယာန် ဘာသာဝင် အများစု သည် ရိုးရာဓမ္မ သီချင်းများကို ဂစ်တာနှစ်လက်၊ အီလက် ထရောနစ် ဂစ်တာ တလက်ဖြင့် တီးခတ်ပြီး Portable Amplifier တခုဖြင့် ချိတ်ဆက် သီဆို ဂုဏ်တော် ချီးမွမ်းကြခြင်း ဖြစ်သည်။

အသစ် ရောက်ရှိလာသည့် ဒုက္ခသည်သစ် တဒါဇင်ခန့်၏ ဓမ္မတေး သီဆိုမှုကို အခြား မြန်မာ များက လက်ခုပ်ဖြင့် စည်းချက် လိုက်ပေးရင်း အပြံုး ကိုယ်စီဖြင့် ကြိုဆိုခဲ့သည်။ မြန်မာနိုင်ငံမှ (၂၀၀၄) ခုနှစ် ကတည်းက ထွက်ခွာလာပြီး နယူးယောက် အနောက်ပိုင်းတွင် သီတင်းသုံး နေသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်နန္ဒာစာရ က ယခု တေးသီချင်းအား ယင်း ချင်းလူမျိုး များသည် မြန်မာနိုင်ငံတွင် ရှိနေစဉ်က ဘုရားကျောင်းတက် ၀တ်ပြုသည့်အခါ သီဆိုလေ့ ရှိကြောင်း ရှင်းပြခဲ့သည်။

မိမိအနေနှင့် ချင်းဘာသာ စကားကို နားမလည်သည့်တိုင် ၎င်းတို့၏ ပျော်ရွှင် ငြိမ်းချမ်းနေသော စိတ် အခြေအနေကို ခံစားသိရှိ နိုင်ကြောင်းလည်း ဘုန်းတော်ကြီးက မိန့်ကြားခဲ့သည်။ ယင်းဒေသရှိ နိုင်ငံရပ်ခြား ဒုက္ခသည်များ ပညာရေးနှင့် အလုပ်အကိုင် ရှာဖွေပေးရေး တာဝန်ခံ ဖြစ်သူ ဒင်းနစ်ဖီးလစ် ဘီးဟက်က လာမည့်နှစ်တွင် မြန်မာ့ ဒုက္ခသည် (၃၅၀)မျှ အထိ ပညာရေး ဌာနတွင် ရှိလာနိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့သည်။

နယူးယောက်တွင် ဖွင့်လှစ်ထားသည့် အဆိုပါဌာနသည် ကမာ္ဘ့နိုင်ငံ (၄၅)ခုမှ ဒုက္ခသည် (၅၃၀၀) မျှကို ပြီးခဲ့သည့် (၁၀)နှစ်တာ ကာလအတွင်း အကူအညီများ ဖြည့်ဆည်း ပေးနိုင်ခဲ့သည်။ လူ့ အခွင့်အရေး အဖွဲ့များ၏ ခန့်မှန်းချက် အရ မြန်မာနိုင်ငံ နယ်စပ် ဒေသများရှိ ဆင်းရဲ ကြပ်တည်း စွာ ရပ်တည်နေရသူ အရေအတွက်သည် (၁.၅)သန်းမျှ ရှိလာပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here