တိုကျိုလေဆိပ်တွင် သောင်တင်နေသူ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ အင်တာနက် သုံး၍ တွီတာမှ ထောက်ခံမှုရနေ

alt

တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည့် ဖန်ဇန်ဂူက ၎င်းသည် တိုကျို နိုင်ငံတကာ လေဆိပ် အတွင်း တွင်ပင် ခရစ္စမတ် ကာလနှင့် နှစ်သစ် ကူး တို့ကို ဖြတ်ကျော် ကုန်ဆုံးစေဖွယ် ရှိကြောင်း ပြောကြားလိုက်သည်။

ဖန်သည် နိုင်ငံရပ်ခြားသို့ ခရီးသွား၍ ပြည်တော် ပြန်ရာမှ နိုဝင်ဘာ (၄)ရက် နေ့ ကတည်းက တရုတ်အာဏာပိုင် များက ဂျပန်သို့ ပျံသန်းသည့် လေယာဉ် ပေါ် အတင်းပြန်တင် ပေးပြီး ပြည်ဝင်ခွင့် ငြင်းဆန် ခံထားရသူ ဖြစ်သည်။

ယခုအခါ တိုကျို လေဆိပ်တွင် နေထိုင်သည့် ရက်ပေါင်း (၅၀)ကျော် သွားပြီဖြစ်သည်။ ၎င်း အနေနှင့် ထိုရက်များ အတွင်း လူပေါင်းများစွာ ဖြတ်သန်း သွားလာနေမှုကို စောင့်ကြည့်ရင်း ခရက်ကာနှင့် ခေါက်ဆွဲခြောက် များကိုသာ စားသောက် ခဲ့ရသည်။

ထို့အပြင် လေဆိပ်ရှိ အပြာရောင် ခုံတန်းလေး တခုကို ကျောခင်းကာ ညများစွာကို ဖြတ်သန်းခဲ့ရပြီး၊ ဖန်၏ ဖြစ်ရပ်သည် ကမာ္ဘကျော်မင်းသား တွမ်ဟင့် သရုပ်ဆောင်ထားသည့် The Terminal ရုပ်ရှင်နှင့် ခပ်ဆင်ဆင် တူညီလျှက် ရှိသည်။ သို့သော်လည်း ဖန်မှာမူ  တရုတ် Passport ကိုင်ဆောင် ထားကာ တရုတ်နှင့်  ဂျပန် ပြည်ဝင်ခွင့် ရောငြင်းဆန်ခံထားရသူ ဖြစ်သည်။

၎င်းသည် ဂျပန်ဗီဇာ ရှိလျှက်နှင့်ပင် တရုတ် အစိုးရ၏ ပြည်ဝင်ခွင့် ငြင်းဆန်မှုကို ဆန္ဒပြသည့် အနေနှင့် လေဆိပ် အတွင်းသာ နေထိုင်ခြင်း ဖြစ်ပြီး၊ မိမိသည် တရုတ်နိုင်ငံသား တဦးဖြစ်သဖြင့် နိုင်ငံအတွင်း ပြန်ဝင်ရန် အခွင့်အရေး ရှိကြောင်း ဖန်က ဆိုသည်။ ဖန်သည် လေဆိပ်မှ Wifi စံနစ်ကို အသုံးပြုကာ ယူလာသော Laptop ကွန်ပြူတာ၊ မိုဘိုင်းဖုန်း များဖြင့် ၎င်းအား ထောက်ခံသူ များနှင့် ဆက်သွယ် မိသည်ဟု ဆိုသည်။

ဖန်သည် Twitter လူမှုရေး အင်တာနက် စာမျက်နှာကို အသုံးပြုကာ ၎င်း၏ဆန္ဒြ့ပမှုကို ဖော်ပြထားရာ ထောက်ခံသူပေါင်း (၈၅၀၀)ကျော် ရရှိနေပြီဟု သိရှိရသည်။ အသက် (၅၅)နှစ် ရှိ ဖန်သည် ဒီဇင်ဘာ (၂၃)ရက် နေ့တွင် လက်ရေးဖြင့် အင်္ဂလိပ်လို Return to China ဟု ရေးထားသည့် တီရှပ်ကို ၀တ်ဆင်ကာ AP သတင်းဌာနနှင့် အင်တာဗျူး ခံခဲ့သေးသည်။

၎င်းသည် ဇွန်လ ကတည်းက တရုတ်ပြည်သို့ ပြန်ရန် (၉)ကြိမ် ကြိုးပမ်းခဲ့ရာ အကြိမ်ကြိမ် ပယ်ချ ခံခဲ့ရကြောင်း ၀န်ခံ ပြောဆိုလိုက်သည်၊  ဖန်သည် တရုတ်နိုင်ငံတွင် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့် ထောင်(၃)နှစ် ကျဖူးသူဖြစ်ပြီး တရုတ်အစိုးရ အာဏာပိုင် များကမူ ဖန်၏ကိစ္စနှင့် ပတ်သက်ပြီး ထင်ထင်ရှားရှား မှတ်ချက် ပေးမှုမျိုး မပြုလုပ်ဘဲ ရှောင်လွှဲ နေခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here