တိုက်စစ်မှူး အီဗရာမိုဗစ်၏ အသင်းဟောင်းအား ဘာစီလိုနာက ခရစ္စမတ် လက်ဆောင်ချီးမြှင့်

alt

ဘာစီလိုနာ အသင်းသည် ယခုနှစ် နွေရာသီ ကမှ ၎င်းတို့ ခေါ်ယူထားသည့် တိုက်စစ်မှူး ဇလာတန် အီဗရာမိုဗစ် အား မွေးထုတ် ပေးခဲ့သည့် ဆွီဒင် ကလပ် အသင်းလေးအား ခရစ္စမတ်

လက်ဆောင် အဖြစ် ဆွီဒင်သုံး ခရိုနာ ငွေ (၁.၅)သန်း ချီးမြှင့်ခဲ့ကြောင်း သိရှိ ရသည်။

မယ်မိုမြို့၊ ရိုဆင်ဂတ်တွင် အခြေစိုက် သည့် ကလပ်ငယ်လေးသည် ယခုအခါ ကမာ္ဘကျော် တိုက်စစ်မှူးတဦး ဖြစ်လာသည့် အသက် (၂၈)နှစ် အရွယ် ဇလာတန် ငယ်ဘဝတွင် (၅)နှစ်တိုင် ဘောလုံးပညာ သင်ယူခဲ့သည့် ဘူမိနက်သန် နေရာတခု ဖြစ်သည်ဟု ဆိုသည်။

ဇလာတန်သည် ခရိုနွန်ငွေ သန်းပေါင်း (၆၉၀)ကျော်နှင့် ညီမျှသော ငွေကြေး တရပ်ဖြင့် အီတလီ ကလပ် အင်တာမီလန် မှ ဘာစီလိုနာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ FBK ဘော်လ်ကန် အမည်ရှိ ကလပ် အသင်းလေး၏ ဒါရိုက်တာ ဆာဆာဗက်ဇိုဗစ် က ဘာစီလိုနာသည် ဇလာတန် ထိုကလပ်တွင် ကစားခဲ့သည်ကို သက်သေ အထောက်အထားများ လိုချင်ကြောင်း အဆိုပြု ခဲ့သည့် အတွက် ဇလာတန် ငယ်ဘဝ ကလပ်တွင် လေ့ကျင့်နေသည် များအား ဗီဒီယိုမှတ်တမ်း ဖြင့် ပေးပို့ခဲ့ကြောင်း ဒေသခံ မီဒီယာများအား ပြောကြားခဲ့သည်။

ကမာ္ဘ့ ဘောလုံးအဖွဲ့ချုပ် FIFA အနေနှင့် နာမည်ကြီး ကစားသမား များအား မွေးထုတ ်ပေးခဲ့သည့် သေးငယ်သော ကလပ် ကလေးများသည် အကျိုးခံစားခွင့် တစုံတရာ ရရှိ သင့်ကြောင်း အဆိုပြုထားရာ ဘာစီလိုနာက ယခုကဲ့သို့ FBK ဘော်လ်ကန်အား ခရစ္စမတ် လက်ဆောင် ပေးပို့လိုက်ခြင်း ဖြစ်သည်။

ဗက်ဇိုဗစ်က ၎င်းတို့သည် ဘာစီလိုနာမှ ပေးပို့သည့် ချက် လက်မှတ်အား ရရှိခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့ပြီး FBK ဘော်လ်ကန်၏ အိမ်နီးချင်း မြို့ခံ ကလပ်ဖြစ်သော FC ရိုဆင်ဂတ် က ဇလာတန်၏ မူလ ကလပ်မှာ ၎င်းတို့သာဖြစ်ပြီး ထို့အတွက် ရရှိသော ငွေကြေးမှာ ၎င်းတို့နှင့်သာ သက်ဆိုင်သည်ဟု အရေးဆို ခဲ့သေးသော်လည်း FBK ဘော်လ်တန်က မှတ်တမ်း မှတ်ရာများ စနစ်တကျ ပြသ နိုင်ခဲ့ခြင်းကြောင့် ကိစ္စအားလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

ဗက်ဇိုဗစ်က ထိုငွေ ပမာဏသည် ဘာစီလိုနာ အတွက် ကစားသမား တဦးအား လဝက်စာမျှ ပေးချေရသည့် ကစားကြေးမျှသာ ရှိနိုင်ကြောင်း၊ မိမိတို့အသင်း အတွက်မူ လာမည့်(၅)နှစ် ရေရှည် စီမံကိန်းအတွက် ရံပုံငွေတရပ် ထူထောင် လိုက်နိုင်ပြီ ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here