ရှရှားထုတ် MiG-29 တိုက်ခိုက်ရေး လေယာဉ်များ မြန်မာ ထပ်မံဝယ်ယူ

alt

ရှရှား  အစိုးရပိုင် Rosoboronexport လက်နက် ရောင်းချရေးမှ ယူရိုငွေ သန်း ၄၀၀ ရာခန့် ( အမေရိကန် ဒေါ်လာသန်း ၅၇၀ ) ရှိသော MiG-29 တိုက်ခိုက်ရေး လေယာဉ် အစင်း၂၀အား မြန်မာ

စစ်အစိုးရအား ရောင်းချရန် အတွက် ၂ဘက် သဘောတူ စာချုပ်အား ပြီးခဲ့ သည့် ရက်ပိုင်းများ အတွင်းက ချုပ်ဆို ခဲ့ကြောင်း ရှရှားနိုင်ငံထုတ် the daily Kommersant တွင်ဖေါ်ပြ ပါရှိခဲ့သည်။

Rosoboronexport လက်နက် ရောင်းချရေးမှ ယခု ရောင်းချမည့် လေယာဉ် အမျိုးအစားများ သည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ရောင်းချထားသည့် တိုက်ခိုက်ရေး လေယာဉ် အမျိုးအစား “ultra-modern” J-10 နှင့် FC-1 များထက် ပိုမိုကောင်းမွန် ပြည်စုံသည် ဟု ပါရှိသည်။

မြန်မာ စစ်အစိုးရသည် ၂၀၀၁ ခုနှစ်က MiG-29 တိုက်ခိုက်ရေး လေယာဉ် ၁၂စင်း ဝယ်ယူခဲ့ပြီး၊ အယ်လ်ဂျီရီးယား နိုင်ငံမှ ၂၀၀၇ ခုနှစ်အတွင်း ယူရို သန်းပေါင်း ၉၈၇ ဖိုးရှိ အစီးရေ ၃၄ စင်းမှာ ယူခဲ့ဖူးသော်လည်း၊ ၂၀၀၈ ခုနှစ်တွင် မှာယူခဲ့စဉ်က သတ်မှတ်ထားခဲ့သော အရည်အသွေးများ ပြည့်မှီခြင်း မရှိသည့် အတွက် လေယာဉ်အစင်းရေ အတော်များများ ပြန်လည် ပို့ဆောင်ခဲ့ကြ ရကြောင်း အဆိုပါ သတင်းစာတွင် ဖေါ်ပြပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here