အရေးပေါ် အချိန်တွင် ရရှိလာသည့် အံ့မခန်း လူ့ခွန်အား

alt

ကား တစင်းလုံးအား တဦးတည်း မ, နိုင်ခဲ့သည့် အမေရိကန် နိုင်ငံသား တဦးအား စူပါမင်းဟု ချီးကျူးနေကြ ကြောင်း သိရှိရသည်။ ၎င်းသည် အက်ရှ်လင်း အမည်ရှိ အိမ်နီးချင်း (၆)နှစ် အရွယ် ကလေးမလေး အား

ကားတစင်းက တိုက်မိပြီး အောက်တွင် ပိမိနေစဉ် ထိုကလေးမ၏ အသက်အား ကယ်ဆယ်ရန် အတွက် ယခုလို ကား တစင်းလုံးအား ဇောနှင့် မလိုက်ခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင် လိုက်နိုင်ခြင်း အတွက် ကိုယ့်ကိုကိုယ်လည်း အလွန် အံ့ဩနေသည့် နစ်ဟားရစ်က မည်သို့ ခွန်အားမျိုး ၀င်ရောက် ကိန်းအောင်း ခဲ့သည်ကို မသိကြောင်း ၀န်ခံသွားခဲ့သည်။

အရပ် (၅)ပေ၊ (၇)လက်မ မြင့်ပြီး (၁၈၅)ပေါင် အလေးချိန် ရှိသည့် ကန်င်းဆတ် နယ်သားသည် သူ၏ သမီးငယ်အား ကျောင်းပို့စဉ် ကားတိုက်ခံရပြီး ကားအောက်လှိမ့်ဝင်ကာ  ပိမိနေသည့် ကလေးမ အား တွေ့ရှိသဖြင့် ကယ်ဆယ်ရန် အပြေးသွားကာ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ဟားရစ် အနေနှင့် ကားအား တဦးတည်း မလိုက်သည် ဆိုခြင်းကို မျက်မြင်တွေ့ရှိသူ လုံးဝ မရှိချေ။

၎င်း ကယ်တင်လိုက်သော ကလေးမမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး၊ ကားမောင်းသူမှာ မော်တော်ကား အပြင်ဘက်၌ မေ့မြောနေသည်ကို တွေ့မြင်ရပြီး ကလေးမလေးအား ကားအောက်မှ တကိုယ်တော် ကယ်ဆယ်လိုက်ခြင်း ဖြစ်သည်။ နစ်ခ် မ, လိုက်သော ကားမှာ မာကျူရီ ဆီဒင် အမျိုးအစားဖြစ်ပြီး ၎င်းသည် သာမန်အချိန်တွင် ထိုကားအား နောက်ထပ် ၅ကြိမ်  မ,ကြည့်သည့်အခါ ကြွပင် မကြွတော့ဟု သိရှိရသည်။

အက်ရ်ှလင်း၏ မိခင်ကမူ ဟားရစ်သည် သူမတို့ မိသားစုအတွက် အလွန်ကြီးကျယ်သော သူရဲကောင်းကြီး ဖြစ်ပါကြောင်း ဒေသတွင်း မီဒီယာနှင့် တွေ့ဆုံခန်းတွင် ချီးကျူး ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here