အက်ရှ်တန် ခတ်ရှာ အမျိုးသမီးတဦးနှင့် ဝတ်လစ်စားလစ်ပုံ အရိုက်ခံသဖြင့် ဒမ်မီမိုး ပေါက်ကွဲနေခဲ့

alt

ရုပ်ရှင် ရိုက်ကူးယင်း အခြားအမျိုးသမီး တဦးနှင့် ၀စ်လစ်စားလစ် ဓာတ်ပုံ အရိုက် ခံခဲ့သဖြင့် ခင်ပွန်းသည်အား ဒမ်မီမိုး တယောက် အကြီးအကျယ် စိတ်ဆိုး နေခဲ့ကြောင်း သိရှိရသည်။

အသက် (၄၇)နှစ်ရှိ မင်းသမီးဟောင်း ဒမ်မီမိုးသည် ရုပ်ရှင် လောကမှ အနားယူ ခဲ့ပြီဖြစ်ပြီး (၃၁)နှစ် အရွယ် မင်းသားငယ် အက်ရှ်တန်ခတ်ရှာ နှင့် လက်ထပ် ထားသူဖြစ်သည်။

ခတ်ရှာသည် ၎င်း ပါ၀င်သည့် ရုပ်ရှင် တကားအတွက် Promotion ပြုလုပ်ရန် ထိုကဲ့သို့ ဓာတ်ပုံမျိုး အရိုက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုကာ Spread ဇာတ်ကား အတွက် ခတ်ရှာ၏ ဓာတ်ပုံ အရိုက်ခံမှုအား ဒမ်မီက မည်သို့မျှ သည်းမခံနိုင်ဘဲ အရှက် မရှိသူဟု ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြောင်း သူမ၏ မိတ်ဆွေများက News of the World သတင်းစာသို့ ပြောကြား ခဲ့သည်။

ခတ်ရှာသည် ထို ဇာတ်ကားထဲတွင် အသက်(၄၀) အရွယ် မင်းသမီး အဲန်နာဟာချီနှင့် တွဲပြီး သရုပ်ဆောင်ထားခြင်း ဖြစ်ပြီး၊ ဒယ်မီသည် အသက် ငယ်သေးသည့် ခင်ပွန်းသည်အား လက်ထပ် ထားခြင်းကြောင့် လူအများ အာရုံစိုက်ခြင်းကို အလွန် မုန်းတီးကြောင်း ယခင်ကပင် ပြောဆိုခဲ့ဖူးသည်။

သူမ က ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်နေသည်မှာ သူမ တဦးတည်း မဟုတ်ကြောင်း၊ သို့သော် လည်း ပရိသတ် အများစုက သူမ၏ ကိုယ်ရေး ဘဝအပေါ် အလွန်အကျွံ စိတ်ဝင်စား ဝေဖန်မှုများ ပြုလုပ်သည့် အတွက် စိတ်ပျက်မိကြောင်း ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here