မြန်မာ နိုင်ငံတွင်လည်း အအေးလှိုင်း ဖြတ်သန်းမှု ခံစားရနိုင်

alt

၂၀၀၉ ခုနှစ်သည် အယ်လ်နီညို သက်ရောက် ခဲ့သော နှစ်တနှစ် ဖြစ်သောကြောင့် မြန်မာ နိုင်ငံတွင် အအေးပိုမှုကို ကြံုတွေ့ရခြင်း မရှိခဲ့၍ နိုဝင်ဘာလ အတွင်း အအေးလျော့မှု မှာ သိသာခဲ့သည်ဟု ဆိုသော်လည်း၊

ယခုနှစ် ကမာ္ဘ့ ရာသီဥတု ပြောင်းလဲမှု များတွင် အခြားသော နှစ်များထက် ပိုမို သိသာခဲ့သော နှစ်တနှစ် ဖြစ်ခဲ့၍ မိုးရာသီ ကာလ အတွင်းက မိုးရွာသွန်းမှု နည်းပါးမှု၊ မိုးခေါင်မှုကို ကြံုတွေ့ ခဲ့ရကြောင်း သိရှိရသည်။

ယခုအခါ ဥရောပ ဒေသ၌ ဖြတ်ကျော် နေသည့် အအေးလှိုင်း ဖြတ်မှုသည် မကြာမီပင် အာရှဒေသသို့ ဖြတ်လာနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒမှ ဒီဇင်ဘာလ အလယ်ပိုင်း ခန့်မှန်းချက်များ အရ သိရှိရသည်။

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် က “အာရှဒေသကို ဖြတ်ရင် မြန်မာနိုင်ငံမှာ သက်ရောက်မယ်၊ မသက်ရောက်ဘူး ဆိုတာကတော့ ဖြတ်မယ့်နေရာ ဒေသနဲ့ပဲ ဆိုင်ပါတယ်၊ လတ္တီကျု့ အမြင့်ပိုင်းက ဖြတ်ရင် မအေးနိုင်ဘူး။ အနိမ့်ပိုင်းက ဖြတ်ရင်တော့ ဒီမှာ အေးနိုင်တယ်” ဟု ထိုသို့ ကောက်ချက်ချ ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here