ဟော်လန် လူစွန့်စား ၁၄နှစ်သမီး ပင်လယ်အတွင်း ပြန်လည်တွေ့ရှိ

alt

ဟော်လန်နိုင်ငံမှ လူစွန့်စား ရွက်လွှင့် ထွက်ခွာသူ (၁၄)နှစ် သမီးလေးအား ကာရေဘီယန် ပင်လယ်အတွင်း ပြန်လည် တွေ့ရှိပြီဟု ရဲများက ဒီဇင်ဘာ (၂၀)ရက် နေ့က ကြေညာခဲ့သည်။

လော်ရာဒက်ကား သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေအိမ်မှ ထွက်ပြေး သွားခြင်းဖြစ်ပြီး ယခုအခါ စိန့်မာတင်ကျွန်းသို့ ရောက်နေကြောင်း သိရှိရသည်။

ဒက်ကား သည် ယခုနှစ် အစောပိုင်း သူမ အသက် (၁၃)နှစ်က တရားရုံးတွင် တကိုယ်တော် ရွက်လွှင့်ရေး လျှောက်ထားမှု မအောင်မြင်ခဲ့သည့် နောက် ကမာ္ဘသိ ဖြစ်လာသည့် မိန်းကလေး ဖြစ်သည်။

ဒက်ကားသည် သူမပိုင်သော Guppy အမည်ရှိ ရွက်တပ် လှေကလေးဖြင့် သမုဒ္ဒရာအတွင်း ရွက်လွှင့် ထွက်ခွာရန် ဆန္ဒပြင်းပြနေသူ ဖြစ်သည်။ စိန့်မာတင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရီကာဒိုဟန်ဆန်က ဒက်ကာအား ကျွန်းပေါ်တွင် ဒီဇင်ဘာ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ရှာဖွေ တွေ့ရှိကြောင်း အတည်ပြုခဲ့ပြီး ဟော်လန်နိုင်ငံသို့ မပြန်လိုသေးကြောင်း ထိုမိန်းကလေးက ငြင်းဆန် နေသည်ဟု ၀န်ခံလိုက်သည်။

အခြား အသေးစိတ် အချက်များကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသော်လည်း ဟော်လန်နိုင်ငံ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီ က ဒက်ကား၏ လုပ်ရပ်အား တစုံတရာ မှတ်ချက် မပေးသေးကြောင်း သိရှိရသည်။ စိန့်မာတင်သည် ဟော်လန် နိုင်ငံပိုင်အဖြစ် သတ်မှတ်ထားသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကျွန်းလေးဖြစ်ပြီး ကာရေဘီယန် ပင်လယ်အတွင်း တည်ရှိသည်။

ဟော်လန်နိုင်ငံ၊ ဥထရက်မြို့ ရဲဌာနသည် ဒီဇင်ဘာ (၁၈)ရက် နေ့က ဒက်ကား ပျောက်သွားကြောင်း သတင်း ရရှိပြီးနောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ရဲများသည် ထိုစဉ်ကတည်းက ကလေးငယ် ပျောက်ဆုံးမှုမှာ ရာဇဝတ်မှု တခု မဖြစ်နိုင်ဟု ခန့်မှန်းထားပြီး ဖြစ်သည်။ ဒါကား သည် သူမ၏ ဘဏ်ငွေ စာရင်းစာအုပ်မှ ယူရိုငွေ (၃၅၀၀)ကို ထုတ်ယူသွားသည် ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က အတည် မပြုခဲ့သေးချေ။

ဒက်ကား၏ မိဘနှစ်ပါးမှာ ကွာရှင်းထားကြပြီး ဖခင်ဖြစ်သူ သင်္ဘောသားဟောင်းက သမီးငယ်၏ သတ္တိကို ချီးကျူးခဲ့ပြီး မိခင်ကမူ ထို အသက်အရွယ် မျှသည် စွန့်စားမှုများ ပြုလုပ်ရန် ငယ်သေးသည်ဟု စိုးရိမ်မကင်း ဖြစ်မိကြောင်း သတင်းစာ အင်တာဗျူး တခုတွင် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here