ကိုလံဘီယာ နိုင်ငံက ကျူးကျော်တိုက်ခိုက် လာနိုင်ကြောင်း ဗင်နီဇွဲလား သမ္မတပြောကြား

alt

ဗင်နီဇွဲလား သမ္မတ ဟူဂိုချားဗက်က ကိုလံဘီယာသည် မိမိတို့ နိုင်ငံအား ကျူးကျော်တိုက်ခိုက် လာနိုင်ကြောင်း ဒီဇင်ဘာ (၂၀)ရက် နေ့တွင် တပ်လှန့် ပြောကြားလိုက်သည်။

နယ်စပ် ဒေသတွင် ကိုလံဘီယာ နိုင်ငံမှ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ် လာနိုင်သည်ဟု ချားဗက် က ဆိုသည်။ ချားဗက် က ကိုလံဘီယာ သည် မိမိတို့အား ကျူးကျော်ရန် ပြင်ဆင်နေကြောင်း၊ ဗင်နီဇွဲလား အား ရန်ပြုသူသည် ကြီးကြီးမားမား နောင်တ ရသွားမည် ဖြစ်ကြောင်း ရုပ်မြင်သံကြား မှတဆင့် သတိပေး ပြောကြားသွားခဲ့သည်။

ချားဗက်က ပြည်သူများ အနေနှင့် အသင့်ပြင်ထားရန် တိုက်တွန်း ခဲ့သော်လည်း မိမိကိုယ်တိုင် ကမူ စစ်ကို မလိုလားဟု ပြောဆို သွားသေးသည်။ ၎င်းက ကိုလံဘီယာ အစိုးရအား မိမိနိုင်ငံ အချုပ်အခြာ အာဏာကို ထိပါးနေသည်ဟု စွပ်စွဲခဲ့ပြီး ဗင်နီဇွဲလား နယ်စပ်တွင် ခိုအောင်းနေသည့် ကိုလံဘီယာ အစိုးရ ဆန့်ကျင်ရေး သူပုန်များအား ဖမ်းဆီးရန် ကိုလံဘီယာ တပ်များ ဖြန့်ထားခြင်းအား အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။

ထို့အပြင် ၎င်းက အမေရိကန်သည် ဗင်နီဇွဲလား မြောက်ပိုင်းရှိ နယ်သာလန်အန်တလီ သို့ လေယာဉ်များ ပေးပို့ကာ ကိုလံဘီယာအား ကူညီနေကောင်း စွပ်စွဲ ထားလိုက်သည်။ ချားဗက်သည် ယခုနှစ် ဇူလိုင်လ အတွင်း ကိုလံဘီယာက ၎င်း၏ နိုင်ငံအတွင်း အမေရိကန် စစ်အခြေစိုက် စခန်း ဆောက်လုပ်ခွင့်ပြုရန်၊ အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်ရန် ကိစ္စများ သဘောတူညီ လိုက်ပြီးနောက် ကိုလံဘီယာအား အကြီးအကျယ် မုန်းတီးလာခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here