ဆယ်စုနှစ် တခုအကြာ အင်တာနက် ရှာဖွေမှု ထိပ်ဆုံးမှ ဘရစ်တနီ စပီးယား ရပ်တည်နေခဲ့

alt

ဗြိတိန်နိုင်ငံ အွန်လိုင်း အသုံးပြုသူ များနှင့် ရှာဖွေရေးအင်ဂျင် သုတေသန ပြုသူ Ask Jeeves ဝဘ်အဖွဲ့မှ သုတေသန ပြုထားချက်များ အရ ဆယ်စုနှစ် တခုအတွင်း အင်တာနက် ရှာဖွေမှု များတွင် ပေါ့(ပ်) အဆိုတော်

ဘရစ်တနီ စပီးယား က ထိပ်ဆုံးမှ ရပ်တည် နေခဲ့သည်ဟု ယနေ့ထုတ်ဖေါ် ပြောဆိုလိုက်သည်။

သက္ကရာဇ် ၂၀၀၀ ခုနှစ်လောက် ကတည်းက ကိုယ်ရေးကိုယ်တာ ပြဿနာများနှင့် အွန်လိုင်း ပရိသတ်အပေါ် သိချင်ဇော နှင့် ညှို့ငင်ထားခဲ့သည့် ဟောလီးဝုဒ် ပေါ့(ပ်)စတားသည် သူမ၏ အချက်အလက် များအား ကမာ္ဘ့ ပရိသတ်များ ရှာဖွေရာတွင် အင်တာနက် ရှာဖွေမှုအင်ဂျင် မှတ်တမ်းတွင် ယခုတိုင် နံပါတ်(၁) နေရာအား ရယူထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ပိုင်း လူသိ များလာသော အိုစမာဘင်လာဒင် က ဒုတိယ နေရာယူထားပြီး၊ အင်္ဂလန် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းက တတိယ၊ ကားမှောက် သေဆုံးသွားသော အင်္ဂလန် အိမ်ရှေ့စံ ကြင်ယာတော် ဒိုင်ယာနာ မင်းသမီးက စတုတ္ထ၊ ၎င်း၏နောက်တွင် အစဉ်လိုက်အတိုင်း အင်္ဂလန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား၊ မက်ဒေါနား၊ အမေရိကန် အိုင်ဒိုးလ် ဖန်တီးရှင် ဆိုင်မွန်ကောင်းလ်ဝဲလ်၊ ဂျိတ်ဂွတ်ဒီ၊ မက်ဒလင်း မက်ကိမ်း နှင့် ဘရက်ပစ်တို့ နံပါတ် ၁၀ အတွင်း စာရင်းဝင်သူများ ဖြစ်ကြသည်။

Ask Jeeves ရှာဖွေရေး အင်ဂျင်ဝဘ် မှ ပြောရေး ဆိုခွင့်ရှိသူ နာဒီယာ ကယ်လီက အချို့ အမည်များမှာ ရှာဖွေမှု အင်ဂျင်တွင် ၃၊ ၄နှစ် ထိပ်တန်းမှ ပြေးနေသော်လည်း ယခုထုတ်ပြန် ကြေညာသူများမှာ ဆယ်စုနှစ် ၁ခုအတွင်း စဉ်ဆက်မပြတ် ထိပ်တန်းမှ ပြေးနေသူများ ဖြစ်ကြသည်ဟု ဆိုသည်။

အခြားသူ များမှာ နှစ်အနည်းငယ် အတွင်း အတက်အကျ ရှိသော်လည်း ဘရစ်တနီ စပီးယား ၏ အချက်အလက် ရှာဖွေမှုမှာ ဆယ်စုနှစ် တခုအကြာ ထိပ်တန်းမှပင် ရပ်တည် နိုင်ခဲ့သည်ဟု ကယ်လီ က ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here