ဒေးဗစ်ဘက်ခမ်း အေစီမီလန်သို့ အငှားစံနစ်နှင့် ပြန်ရောက်မည်

alt

အမေရိကား လော့(စ်)အိန်ဂျလိ(စ်) ဂလက်ဇီ အသင်းမှ ဗြိတိန် အလယ် တန်းလူ ဒေးဗစ်ဘက်ခမ်း ဇန္နဝါရီလ တွင် ဆန်စီရို အားကစားကွင်း သို့ ပြန်ရောက်နိုင်ချေ ၁၀၀ ရာခိုင်နှုန်း သေခြာသည်ဟု အေစီမီလန်း ဒုဥက္ကဋ္ဌ

အန်ဒရီယာနို ဂါလီယာနီ က ပြောဆို လိုက်သည်။

ထို ပြောဆိုချက် မှန်ကန်ကြောင်း အင်္ဂလန် ကမာ္ဘ့ဖလား အမျိုးသား အသင်းနည်းပြ ဖါဘီယို ကာပယ်လို က ထပ်ဆင့် မှန်ကန် ကြောင်း ပြောဆိုလိုက်ပြီး ဒေးဗစ်ဘက်ခမ်းမှာ စာချုပ် ချုပ်ဆိုခြင်း ကိစ္စ အထမြောက် သွားပြီ ဖြစ်ပြီး၊ ဒုတိယ အကြိမ်မြောက် အငှားစာချုပ်အဖြစ် သွားရောက်မှာ ဖြစ်ကြောင်း ပြောဆို လိုက်သည်။

အသက် ၃၄နှစ်ရှိသူ ဒေးဗစ်ဘက်ခမ်းမှာ လွန်ခဲ့သည့် နွေရာသီတွင် ၆လတာ မီလန်အသင်းသို့ အဋ္ဌားသွားရောက် ကစားနေရာမှ အယ်လ်အေ ဂလက်ဇီသို့ ပြန်ရောက်လာခဲ့ပြီး အီတလီ စီးရီးအေတွင် ၂ဂိုးသွင်းထားသူ ဖြစ်သည်။ အမေရိကန် မေဂျာလိဂ် ဘော်လုံးပွဲတွင် ဒေးဗစ် ဘက်ခမ်းနှင့် သူ၏ ဂလက်ဇီ အသင်းမှာ အောင်ပွဲများ ဆင်နေပြီး ၂၀၀၂ခုနှစ်က ဝက်(စ်)တင်း ကွန်ဖရင့် သရဖူ ဖလားအား ဆွတ်ခူး ရရှိခဲ့ဖူးသည်။

ဒေးဗစ်ဘက်ခမ်းမှ ဖြေဆိုရာတွင် အေစီမီလန်သို့ ပြန်သွားမည့် ကိစ္စမှာ မှန်ကန်ကြောင်း လုပ်ငန်း ဆောင်တာများမှာ ပြီးသလောက် ရှိနေပြီ ဖြစ်ကြောင်း၊ ယခုလို အေစီမီလန် ပြန်သွားရမည့် အတွက် ပျော်ရွှင်မိကြောင်း ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here