အကုသိုလ်မြို့တော် ဇါတ်ကားနဲ့ နာမည်ရလာတဲ့ ဘရစ်တနီ မာဖီ ကွယ်လွန်ပြီ

alt

သေမှု သေခင်းဆိုင်ရာ လော့(စ်) အိန်ဂျလိ(စ်) ခရိုင် ရဲတပ်ဖွဲ့က ရုပ်ရှင် မင်းသမီး ဘရစ်တနီမာဖီ ( အသက် – ၃၂နှစ်) မှာ နှလုံးရောဂါ တိုက်ခိုက်မှု ခံရကာ သေဆုံးပြီးမှ ဆေးရုံသို့ ရောက်ရှိ လာသည်ဟု L.A မှုခင်း

ရဲတပ်ဖွဲ့က ပြောကြား လိုက်သည်။

ယနေ့ နံနက် ၈နာရီက လော့(စ်) အိန်ဂျလိ(စ်) အရေးပေါ် မီးသတ်တပ်ဖွဲ့ သို့ မင်းသမီး၏ ခင်ပွန်း ဖြစ်သူ ဗြိတိသျှ ဇါတ်ညွှန်းရေးဆရာ ဆိုင်မွန် မွန်ဂျက်က အရေးပေါ် အကူညီတောင်း ခေါ်ဆို ကြောင်း အတည်ပြု ပြောဆိုလိုက်ပြီး၊ L.A မှုခင်း ရဲတပ်ဖွဲ့ကမူ မင်းသမီး သေဆုံးရခြင်းကို စတင် စစ်ဆေးလျှက် ရှိနေပြီ ဟု ဆိုသည်။

ဟောလီဝုဒ်မှ လာသောမှုခင်း သတင်း များအရ မာဖီမှာ ရေချိုးခန်းတွင် အန်၍ ချော်လဲလျှက် လဲနေသည်ကို တွေ့ရ သည်ဟု ဆိုကာ အချို့သော သတင်းမျာ းအရ ဘရစ်တနီမာဖီမှာ မကွယ်လွန်မီ အလွန်ဖျားနာ အော့အန်နေပြီး ထို့ကြောင့် နှလုံးရောဂါ တိုက်ခိုက်မှု ခံသွားရခြင်း ဖြစ်သည်ဟု ဆိုသည်။

သူမ၏ မိသားစုဝင်များ ပြောပြချက်အရ တနင်္ဂနွေနေ့ အစောပိုင်း မတိုင်မီ ကမူ မာဖီမှာ ဖျားနာ နေပြီး အော့အန်မှုများ ရှိလာကာ တုပ်ကွေး လက္ခဏာများ တွေ့ရ သဖြင့် တုပ်ကွေး ပျောက်ဆေးများ သုံးစွဲနေခဲ့သည်ဟု ဆိုသည်။ အခြားသော သတင်းတခု ကမူ မာဖီ သေဆုံးပြီးနောက် သူမ၏ နေအိမ်တွင် များပြားလှသော ဆေးဝါး အညွှန်းများ ဆေးများ တွေ့ရှိရသည်ဟု ဆိုသော်လည်း အာဏာပိုင်များ ပြောဆိုချက် အရ မာဖီ အခန်း၌ ရှာဖွေရာတွင် တရားမဝင် ဆေးများ မတွေ့ရှိရ ကြောင်းသာ ပြောဆိုလိုက်သည်။

သူမ၏ ခင်ပွန်းဖြစ်သူ ဆိုင်မွန် မွန်ဂျက် က L.A မှုခင်းဆိုင်ရာ ရဲတပ်ဖွဲ့သို့ မာဖီ၏ အလောင်းအား အင်္ဂါနေ့ အထိ မတိုင်မီ ခွဲစိတ်ခြင်း မပြုကြပါရန် တားမြစ် ထားသည်ဟု ဆိုသဖြင့် မာဖီ သေဆုံးရခြင်းအား အမေရိကားတွင် ညတွင်းချင်း ထိုသတင်းအား သို့လော သို့လော စိတ်ဝင်စားမှု ရှိနေကြသည်ဟု ဟောလီးဝုဒ် အတင်းအဖျင်း ဝဘ်ဆိုဒ်ကြီး တီအမ်ဇီး တွင် ဖေါ်ပြထားသည်။

သူမ၏ နာမည်ကျော် ဇါတ်ကားများမှာ ဘရု(စ်)ဝီးလီး နှင့် Sin City၊ ရက်(ပ်)ပါ အင်မီနင် ၏ 8 Mile၊  မိုက်ကယ်ဒေါက်ကလပ် နှင့်ရိုက်ကူးသော  Don’t say a word ဇါတ်ကားတို့ လူကြိုက်များခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here