မန်စီးတီး မန်နေဂျာ မတ်ဟုဂ်ကို ထွက်တော်မူ နန်းကခွာဖို့ ရာဇသံပေးပြီ

alt

မန်စီးတီး အသင်းသည် စနေနေ့က ဆန်ဒါလန်း အသင်းကို အနိုင် ကစားနိုင် လိုက်သော်လည်း အောက်တိုဘာ၊ နိုဝင်ဘာများ ကတည်းကပင် သရေ ပွဲများ၊ ရှုံးပွဲများနှင့်သာ သက်တမ်း ရှည်နေကာ ပိုင်ရှင်သစ် အဘူဒါဘီ

ရေနံသူဋ္ဌေး ရှိတ်မန်ဆွား ဘင် ဇာယက် အယ်လ် နာဟဂ်ယန် လက်ထက်တွင် အသင်း အတွက် ပြန်လည် မွမ်းမံ ရာတွင် အသုံးပြုရန် စတာလင်ပေါင် သန်း၂၀၀ ခွင့်ပြု ထားသော်လည်း ရှုံးပွဲများနှင့် ယှဉ်ဆိုင်ရသဖြင့် မန်စီးတီးအား နှုတ်ဆက်ချိန် တန်ပြီဟု အဘူဒါဘီ ရေနံသူဋ္ဌေးမှ စနေနေ့ညက မီဒီယာသို့ ထိုကဲ့သို့ စိတ်ပျက်လက်ပျက် ပြောဆိုလိုက်သည်။

မတ်ဟုဂ်က ယခင် မန်ချက်စတာ စီးတီး ပိုင်ရှင်ဟောင်း ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ လက်ထက်ကပင် ချုပ်ဆိုထားသော ကန်ထရိုက် စာချုပ် စာတမ်းများအရ ကန်ထရိုက် သက်တမ်း မပြည့်မီ ထွက်ခွာရလျှင် စတာလင်ပေါင် ၃သန်း ပေးရမည်ဟု ပြောဆို လိုက်သော်လည်း အဘူဒါဘီ ရေနံသူဋ္ဌေးကလေး ကမူ သက်ဆင်နှင့် မိမိတို့အသင်း အရောင်းအဝယ် စာချုပ်တွင် ထိုအချက် သဘောတူညီထားမှု မရှိခဲ့ဟု ငြင်းဆိုလိုက်သည်။

မတ်ဟုဂ်မှာ ၂၀၀၈ ခုနှစ် ဂျွန်လတွင် ပိုင်ရှင်ဟောင်း သက်ဆင် လက်ထက်၌ ဘလက်ဘန်း ရိုဗါ အသင်းမှ တပါတ်လျှင် ၃၅၀၀၀ – ၄၀၀၀၀ ကြေးနှင့် ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး၊ အဘူဒါဘီ ရေနံသူဋ္ဌေး ရှိတ်မန်ဆွား က မန်စီးတီးအား မဝယ်ယူမီ ၂လ အလိုတွင် ရွေ့ပြောင်းလာသူ ဖြစ်သည်။

ယခုအခါ မန်စီးတီး အသင်းအား မန်နေဂျာသစ် ရော်ဘတ်တို မန်စီးနီး နှင့် အလျှင်အမြန် အစားထိုးလိုက်ပြီး၊ ဆန်ဒါလန်းအား နိုင်သည့်ည စနေနေ့ကပင် ပိုင်ရှင် အမိန့်ဖြင့် မန်နေဂျာ အရွေ့အပြောင်းအား အကျိုးသက်ရောက် စေလိုက်သည်ဟု လန်ဒန် အားကစား ရပ်ကွက် သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here