ကလေးငယ်များ ငတ်မွတ်မှု မကြုံရေး WFP အကြီးအကဲ ဆန္ဒပြု

alt

သူမ ဘဝ၏ အကြီးမားဆုံး ဆန္ဒမှာ ကမာ္ဘပေါ်တွင် မည်သည့် ကလေးမျှ ငတ်မွတ် ခေါင်းပါးမှုဒဏ် မကြံုတွေ့ ရရေးပင် ဖြစ်ကြောင်း ကမာ္ဘ့ အစား အစာ စီမံကိန်းအဖွဲ့ (WFP) အကြီးအကဲ က ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် သို့ ရောက်ရှိ နေသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီး၏ အမှုဆောင် ဒါရိုက်တာ ဂျိုးဆက်ရှီရမ်က အနီရောင် ပလပ်စတစ် ခွက်ကလေး တလုံးအား ဆင်ဟွာ သတင်းဌာနနှင့် အင်တာဗျုးတွင် ပြသပြီး ငတ်မွတ်မှုဘေး ကြံုနေရသည့် ကလေးများသည် ထိုတခွက်စာမျှ ရိက္ခာကိုပင် မစားကြရ ရှာကြောင်း ပြောကြားခဲ့သည်။

ထို ခွက်များသည် ရဝမ်ဒါ နိုင်ငံတွင် စားနပ်ရိက္ခာ ထောက်ပံ့ရေး အတွက် WFP က သုံးစွဲနေသည့် ခွက်ကလေးများ ဖြစ်သည်။ ရှီရန်က သူမ ဘဝကို ပြောင်းလဲစေသည့် ဖြစ်ရပ်အား (၁၉၈၆) ခုနှစ်က မျက်ဝါးထင်ထင် မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

သူမ အီသီယိုးပီးယား သို့ ရောက်ရှိနေစဉ် သားသည် အမေတဦးသည် လက်ထဲတွင် ပွေ့ချီထားသော (၈)လသား ကလေးမှာ အစာ မစားရသဖြင့် ငိုကြွေးနေသည်ကို မည်သို့မျှ ဖြည့်ဆည်း မပေးနိုင်ဘဲ ကလေးငယ် သေဆုံးသွားသည်ကို လက်မှိုင်ချကာ ကြည့်နေရသည့် မြင်ကွင်းကို ရှီရမ်မှာ ယခုတိုင် မမေ့နိုင်ခဲ့သေးချေ။ ယခုလို အဖြစ်မျိုး မည်သည့် မိခင်ကမျှ ခံစားနိုင်မည် မဟုတ်ကြောင်း၊ လက်ထဲတွင် ပွေ့ပိုက်ထားသည့် ကလေးသည် လူတဦး၏ အခြေခံ လိုအပ်ချက် ဖြစ်သော အစာ မစားရခြင်းကြောင့် သေဆုံး သွားရှာကြောင်း ရှီရမ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထို့နောက်ပိုင်းတွင် သူမ၏ဘဝကို WFP အတွက် ဇောက်ချမြှုပ်နှံကာ ကမာ္ဘ့ ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးကြီးကို တိုက်ဖျက်ရန် အင်တိုက်အားတိုက် ဆောင်ရွက် လာခဲ့သည်။ WFP သည် စားနပ်ရိက္ခာ ထောက်ပံ့ရေး စီမံကိန်းအတွက် 1 Billion for 1 Billion စီမံကိန်းအား အင်တာနက်တွင် လွှင့်တင်ကာ ရံပုံငွေ ရှာဖွေလျက် ရှိသည်။

ယင်းသည် ကမာ္ဘပေါ်တွင် အငတ်ဘေး ဒုက္ခ ကြံုနေသူ အရေအတွက် (၁)ဘီလျံ ရှိနေခြင်းကို ကိုယ်စားပြု ညွှန်းဆိုထားခြင်း ဖြစ်သည်။ WFP အနေနှင့် ကြိုးစား ဆောင်ရွက်နေသည့်တိုင် အငတ်ဘေး တစထက်တစ ပိုမိုဆိုးရွား လာခြင်းသည် မိမိတို့အတွက် စိန်ခေါ်မှုတခု ဖြစ်ခဲ့ကြောင်းလည်း ရှီရမ်က ၀န်ခံခဲ့သည်။

စစ်တမ်းများ အရ ကမာ္ဘပေါ်တွင် အငတ်ဘေး ကြံုနေရသူ အရေအတွက်မှာ (၁.၀၂)ဘီလျံ အထိ ရှိလာပြီး ယင်း အရေအတွက်သည် ကမာ္ဘ့လူဦးရေ စုစုပေါင်း၏ (၆)ပုံ (၁)ပုံနှင့် ညီမျှသည်။ ထို့အပြင် ငတ်မွတ်မှုကြောင့် (၆)စက္ကန့် ကြာတိုင်း ကလေးတဦး သေဆုံးလျက် ရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here