ဆယ်စုနှစ်အတွင်း ဖက်ရှင်အကျဆုံး အမျိုးသမီး အဖြစ် ဆူပါမော်ဒယ် ကိတ်မော့စ် ဦးဆောင်နေ

alt

ဆယ်စုနှစ် အတွင်း ၀တ်စားဆင်ယင်မှု ဖက်ရှင်အကျဆုံး အမျိုးသမီး အဖြစ် ရွေးချယ်ရန် အမေရိကန်ထုတ် Vogue မဂ္ဂဇင်းက ဆန္ဒမဲ ကောက်ခံထားရာ ဗြိတိသျှ ဆူပါမော်ဒယ် ကိတ်မော့စ်က ထိပ်ဆုံးမှ ဦးဆောင် နေကြောင်း

သိရှိရသည်။

ယခု စစ်တမ်းကို Celebrity တဦးချင်းစီ အလိုက် ၀တ်ဆင်ခဲ့ဖူးသည့် ဖက်ရှင်များ အနက် ပရိသတ် အမှတ်အရဆုံး ဖြစ်အောင် အကြိမ်ရေ အများဆုံး ၀တ်ဆင် ဖူးသည့် အရေအတွက် ကို မှတ်တမ်းတင် ကောက်ခံခြင်း ဖြစ်သည်။

ကိတ်သည် ၀တ်ဆင်ဖူးသော ဖက်ရှင်(၄)ခု အတွက် အမည်စာရင်း တင်သွင်း ခံရပြီး အမေရိကန် မင်းသမီး ဂွင်းနက် ပက်ထရိုက ဖက်ရှင် (၃)ခုစာဖြင့် အမည်ပေါက်ကာ ကပ်လိုက်နေကြောင်း သိရှိရသည်။

ယခု စာရင်းအား (၂၀၀၀) ပြည့်နှစ်မှ (၂၀၀၉) ခုနှစ် အထိ ၀တ်စား ဆင်ယင်မှုများကို ရွေးချယ် ကောက်ခံထားခြင်း ဖြစ်ပြီး (၂၀၀၀) ပြည့်နှစ် ဂရမ်မီ ဆုပေးပွဲ တက်ရောက်စဉ် က ဂျင်နီဖာ လိုပက်စ် ၀တ်ဆင်ခဲ့သည့် Versace တံဆိပ် အစိမ်းရောင် ခပ်ပါးပါး ၀တ်စုံ၊ ဟယ်လီဘယ်ရီ ၏ (၂၀၀၂)ခုနှစ် အော်စကာဆု လက်ခံစဉ်က ဆင်မြန်းခဲ့သည့် Elie Saab ဒီဇိုင်းတို့လည်း ဆန်ခါတင် စာရင်းတွင် ပါ၀င် နေခဲ့သည်။

Vogue သည် ယခု စစ်တမ်းကို ပြုစုရန်အတွက် နှစ်အလိုက် အကောင်းဆုံး ဖက်ရှင် ဒီဇိုင်းများကို စီစစ် ရွေးချယ်ကာ တနှစ်ချင်းစီ စာရင်းပြုစုပြီး ပြန်လည် ဖော်ပြထားသည်။ ထို ဖက်ရှင်များကို http://www.vogue.com/polls/bestdressed/best_dressed_of_the_decade တွင် မဲပေး နိုင်ပြီး ဂျင်နီဖာ အင်နစ်စတန်၊ နစ်ခိုးလ် ကစ်မင်း၊ ချားသီယွန်၊ အူမာသာမင်၊ ပင်နီလုပ်(ခ်) ခရုစ်၊ ဒယ်မီမိုး၊ ဂျူလီယာရောဘတ်၊ ရီနီဇယ်ဝီဂါ၊ ရီးဝစ်သာစပွန်း၊ ကင်မရွန်ဒိုင်ယက်၊ ဆယ်မာဟေးယက်၊ ဆာရာ ဂျက်ဆီကာ ပါကား၊ ဂွင်းစတက်ဖနီ၊ အိန်ဂျယ်လီနာ ဂျိုလီ၊ ဟီလာရီဆွမ့်၊ အန်နာ ဟီသာဝေး၊ မက်ဒေါနား၊ ဂက်ဆလန် ဘတ်ချာ စသည့် နာမည်ကျော် များ၏ ဒီဇိုင်းများလည်း ပါ၀င်နေသည်ကို တွေ့ရှိရသည်။

မဲပေးသူများ အနေနှင့် နှစ်အလိုက် သတ်မှတ် ပေးထားသည့် ဖက်ရှင်တခုစီတွင် မဲပေးရမည် ဖြစ်ပြီး အကောင်းဆုံး ဖက်ရှင်ဆုကို Vogue မဂ္ဂဇင်းက ဇန်နဝါရီလ (၂၅)ရက် နေ့တွင် ကြေညာသွားမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here