မြန်မာနိုင်ငံမှ ဆရာဝန်တဦး နျူထရွန် ကလောင် အမည်ဖြင့် နိုင်ငံတကာ 3D Animation ဆု ရရှိ

alt

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် Standard Chartered Bank မှ ကူညီ ပ့ံပိုးသော စတင်းဒတ် ချာတာဘဏ် anti HIV Animation ပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ဝင်ရောက် ယှဉ်ပြိုင်သူ အလုပ်သင် ဆရာဝန် ကိုအောင်ရဲကျော်

သည် Video / Animation Competition ၏ ပထမဆု ကို HIV real ဟူသော 3D Animation အမည်ဖြင့် ရရှိသွားသည်ဟု ပြိုင်ပွဲ ဖိတ်ခေါ်ခဲ့တဲ့ eyeka.com က နို၀င်ဘာ (၂၆) ရက်က ဆုရရှိကြောင်း ထုတ်ပြန် ကြေငြာခဲ့သည်။

မြန်မာနိုင်ငံမှ အလုပ်သင် ဆရာဝန် တဦးလည်း ဖြစ်သူ ကိုအောင်ရဲကျော် သည် Neutron အမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ပထမအတွက် ဆုကြေးငွေ အဖြစ် အမေရိကန် ဒေါ်လာ (၅၀၀၀) ကို ရရှိမှာ ဖြစ်ကြောင်း သိရှိရသည်။

Anti HIV Virus ပြိုင်ပွဲကို နိုင်ငံတကာပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ (၄၅) ဦးထဲမှာမှ ပထမဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပြီး၊ Neutron (ကိုအောင်ရဲကျော်) ဟာ မြန်မာ နိုင်ငံရဲ့့ ခက်ခဲလှတဲ့ အင်တာနက် ကွန်နက်ရှင် ကြားထဲကနေ ဒီ animation လေးကို ဖန်တီးပြီး ကြိုးစား ပေးပို့ကာ ပြိုင်ပွဲဝင်ခဲ့ ရတယ်လို့လဲ သိရှိရပါတယ်။

Anti HIV Virus ပြိုင်ပွဲရဲ့ သတ်မှတ်ချက် အတိုင်း 3DS Max software 2008 ဖြင့် စက္ကန် ့ (၃၀)ကြာ ဖန်တီးထားတဲ့ ကလောင်အမည် နျူထရွန် (ခ) ကိုအောင်ရဲကျော် ရဲ့ 3D Animation ဖန်တီးမှုကို http://en.eyeka.com/video/view/742554-HIV-real မှာသွားရောက် ကြည့်ရှု နိုင်ကြောင်း သိရှိရသည်။

ကိုထွန်း(MITP)

LEAVE A REPLY

Please enter your comment!
Please enter your name here