အာဖဂန်တွင် အသုံးပြုရန် ရဟတ်ယာဉ်များ ဗြိတိန်အစိုးရ ဖြည့်တင်းမည်

alt

ဗြိတိန် အစိုးရသည် အာဖဂန်နစ္စတန် စစ်မျက်နှာ အတွက် နောက်ထပ် အမေရိကန်လုပ် Chinook အမျိုးအစား ရဟတ်ယာဉ် (၂၂)စင်းကို ၀ယ်ယူ အားဖြည့် သွားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သော်လည်း

တပ်သား များ၏ လစာ အခွင့်အရေးကို ဖြတ်တောက် လျှော့ချ သွားမည်ဟု ပြောကြား သွားခဲ့သည်။

ဒီဇင်ဘာ (၁၅)ရက်နေ့ ထုတ်ပြန်ချက် အရ ပေါင်စတာလင် (၁.၅)ဘီလျံမျှ စုစုပေါင်း ပမာဏကို တပ်သားများ၏ လုပ်ခလစာနှင့် ဟယ်ရီယာ တိုက်လေယာဉ် စီမံကိန်းတို့မှ ဖြတ်တောက် လျှော့ချသွားမည်ဟု သိရှိရသည်။

ကာကွယ်ရေး ၀န်ကြီးဌာနသည် အာဖဂန် စစ်မျက်နှာအတွက် ငွေကြေးကျခံ သုံးစွဲမှုတွင် ပိုမို မြှင့်တင်ခဲ့သော်လည်း တဖက်မှ ငွေကြေး ဖြတ်တောက်မှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တော်ဝင် ရေတပ်မှ သင်္ဘော နှစ်စင်းကိုလည်း ပြန်လည် ရုတ်သိမ်းမည်ဟု ၀န်ကြီးဌာနက ဆိုသည်။ ထို့အပြင် ရေတပ်သုံး Lynx နှင့် Merlin Mk1 အမျိုးအစား ရဟတ်ယာဉ် များကိုလည်း ခေတ်မီ ရဟတ်ယာဉ်များဖြင့် အစားထိုးသွားရန် စီစဉ်နေသည်။

ကာကွယ်ရေး ၀န်ကြီးဌာနက အရံစစ်သည် (၂၅၀၀)ခန့်ကို ဆက်လက် ခန့်ထားတော့မည် မဟုတ်ဘဲ လူ့စွမ်းအား အစား ယန္တယားများဖြင့် အားဖြည့် အသုံးပြုသွားရန်လည်း ပြင်ဆင်ထားသည်။ ထို့အပြင် အာဖဂန်စစ်ပွဲ အတွက် နောက်ထပ် ပေါင်စတာလင် သန်း(၉၀၀)ခန့် ရှာဖွေနိုင်ရေးလည်း လုံးပမ်းနေဆဲ ဖြစ်သည်။

ကာကွယ်ရေး ဌာန အတွင်းရေးမှူး ဘော့အိန်းစဝေါ့က အင်အား ဖြည့်တင်းမည့် Chinook ရဟတ်ယာဉ် များအနက် (၁၀)စင်းကို (၂၀၁၂) နှင့် (၂၀၁၃)ခုနှစ် များတွင် အစောဆုံး အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့သည်။ လေတပ်သည် C17 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး တစင်းကိုလည်း ၀ယ်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန် အစိုးရသည် အာဖဂန် စစ်ပွဲတွင် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ညံ့ဖျင်းမှုကြောင့် စစ်သည်များ အလဟဿ သေဆုံးနေကြောင်း ဝေဖန်မှုများ ကြံုနေရသဖြင့် ယခုကဲ့သို့ အပြောင်းအလဲများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here