ပတ်ဝန်းကျင်ကို အသံဖြင့် နှိပ်စက်သည့် လင်မယား

alt

ဒီဇင်ဘာ (၁၅)ရက် နေ့က ဗြိတိန် တရားရုံး တခုတွင် အမျိုးသမီးတဦးက သူမနှင့် ခင်ပွန်းသည် တို့သည် လိင် ဆက်ဆံစဉ် အသံ ကျယ်ကျယ် လောင်လောင် ပေါ်ထွက် မိသဖြင့် ပတ်ဝန်းကျင် ကို အနှောင့်အယှက်

ဖြစ်စေခဲ့ကြောင်း ၀န်ခံ လိုက်ရသည်။

ကာရိုလင်း ကတ်ဝိတ် သည် ထို ကိစ္စကြောင့် တကြိမ်လျှင် အမျိုးအစား မတူသည့် လူမှုအကျိုးပြု လုပ်ငန်းများ ၃ကြိမ် နာရီ အနည်းငယ်ကြာ ဆောင်ရွက် ပေးရမည် ဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးသည် သာမန် စိတ် အခြေအနေဖြင့် လိင် ဆက်ဆံခြင်း မဟုတ်ဘဲ တဦးနှင့်တဦး နာကျင် အောင်လုပ်ကာ သာယာ အော်ဟစ်နေသဖြင့် အိမ်နီးချင်း များက တိုင်ကြားခြင်းကို ခံခဲ့ရကြောင်း နယူးကာဆယ် တရားရုံးက ဆိုသည်။

အင်္ဂလန်မြောက်ပိုင်း၊ နယူးကာဆယ် ရှိ ၀ါရှင်တန် ရပ်ကွက်တွင် နေထိုင်သော လင်မယား၏ အိမ်နီးချင်း များသည် သူမတို့၏ ဆူညံမှုကို မကြာခဏ ကြံုရသဖြင့် စိတ်ညစ်ညူး နေကြရကြောင်း သိရှိရသည်။ ဒီဇင်ဘာ (၁၅)ရက် နေ့တွင် နယူးကာဆယ် တရားရုံးက ကာရိုလင်းတို့ စုံတွဲသည် ဧပြီလ အတွင်း အနည်းဆုံး ထိုသို့ ဆူညံမှု (၃)ကြိမ်မျှ ပြုလုပ်ခဲ့ကြောင်း အတည်ပြု အမိန့်ချမှတ် လိုက်သည်။

ထိုအမှုကို တရားရုံးသည် ဧပြီလ ကတည်းက ကြားနာ စစ်ဆေးလာခဲ့ခြင်း ဖြစ်ရာ အိမ်နီးချင်းများက တိုက်ခန်း တခုတွင် အတူ နေထိုင်သည့် လင်မယား၏ အိပ်ခန်းထဲမှ အသံများအား အတိုင်းသား ကြားနေရကြောင်း တရားရုံးတွင် လျှောက်ထားခဲ့ကြသည်။ အိမ်နီးချင်း တဦးဖြစ်သည့် ရေချယ်အိုကော်နာ က ထိုလင်မယား၏ လုပ်ရပ်သည် သဘာဝအတိုင်း မဟုတ်ကြောင်း၊ အလွန်အကျွံ မခံ မရပ်နိုင်သည့်နှယ် အော်ဟစ် ညည်းညူ နေလေ့ရှိပြီး မည်သို့သော အသံမျိုးဆိုသည်ကို ပြောမပြ တတ်ကြောင်း၊ ထို အသံမျိုးများကို မည်သည့်အခါမျှ မကြားခဲ့ဖူးသလို စိတ်ညစ်စရာလည်း အလွန်ကောင်းကြောင်းဆိုသည်။

သူမ အနေနှင့် TV ပိတ်ပြီး အိပ်ရာဝင်သည်နှင့် ထိုလင်မယား၏ သောင်းကျန်းနေသော အသံကြောင့် စိတ်ညစ်ရကြောင်း ပြောကြား သွားခဲ့သည်။ ရုံးတော်က သာမန်လူ ခံနိုင်ရည် အသံမှာ ၃၀ ဒက်စီဗယ် ရှိပြီး၊ ကာရိုလင်း တို့ မောင်နှံပျော်မြူး အော်သံမှာ ၄၇ ဒက်စီဗယ် ရှိကြောင်း ဆန်ဒါလန်း မြို့တော်ကောင်စီ စစ်ဆေးရေး အဖွဲ့က ဆိုသည်၊ ထိုလင်မယားမှာ ဇန္နဝါရီလ ၁၈ရက်နေ့တွင် အပြစ်ဒဏ် စတင်မည် ဖြစ်ကြောင်း သိရှိရသည်။ 

LEAVE A REPLY

Please enter your comment!
Please enter your name here