ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်ရေး တားမြစ်ခံရ

alt

ပါကစ္စတန် ကာကွယ်ရေး ၀န်ကြီး အာမက် မူခါတာသည် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်မည့် ခရီးစဉ် အတွက် လေယာဉ်ကွင်းသို့ ရောက်ရှိ လာစဉ် လူဝင်မှုကြီးကြပ်ရေး အရာရှိ များက ဗဟိုတရားရုံး အမိန့်ဖြင့်

တားမြစ် လိုက်ကြသည်။

မူခါတာသည် ယခုအခါ ပြဿနာ ကြံုနေရသည့် ပါကစ္စတန် အစိုးရ အရာရှိ (၂၅၀)ခန့်တွင် တဦး အပါအဝင် ဖြစ်သည်။ ပါကစ္စတန် ဗဟို တရားရုံးသည် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) နှင့် သက်ဆိုင်ရာ အစိုးရအား လာဘ်စားမှုဖြင့် စစ်ဆေး စုံစမ်းမှုများ ပြုလုပ်နေပြီး ထိုအရာရှိ အားလုံးတို့အား ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်ထားပြီး ဖြစ်သည်။

ပြဿနာ များကြောင့် သမ္မတ အဆစ်ဇာဒါရီ ၏ အစိုးရအဖွဲ့မှ ထိပ်တန်း အရာရှိများမှာ ဖိအားနှင့် တွေ့ကြံုနေရဆဲ ဖြစ်သည်။ သမ္မတ ဇာဒါရီ ကိုယ်တိုင်မှာလည်း တရားရုံးကိစ္စ အတော်များများ ကြံုနေသည့်တိုင် သမ္မတ အာဏာဖြင့် အကာအကွယ် ရယူ ထားနိုင်ခဲ့သည်။ ဇာဒါရီသည် အာဏာ လွှဲမယူမီက လာဘ်စားမှု စွဲချက် အချို့ကြောင့် နှစ်အတန်ကြာ ထောင်ကျခဲ့ဖူးကြောင်း ပြောကြားခဲ့သော်လည်း ထို ကိစ္စသည် နိုင်ငံရေးအရ စိတ်ဓာတ် လှုံ့ဆော်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ချေပ ပြောဆိုသွားခဲ့သည်။

အစိုးရအဖွဲ့ အခက်အခဲ ကြံုနေချိန်တွင် အဓိက အတိုက်အခံ ပါတီခေါင်းဆောင်နှင့် ယခင် ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှာရစ်(ဖ်) က သမ္မတအား ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆို လိုက်သည်။ လေဆိပ်တွင် အတားခံရသည့် ၀န်ကြီး မူခါတာက သတင်းထောက် များအား မိမိ၏ အမည်ကို တားမြစ်ထားသဖြင့် တရုတ်နိုင်ငံသို့ သွားရောက်နိုင်ခြင်း မရှိကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

၎င်းအနေနှင့် ပြည်ပ ထွက်ခွာခွင့် ယာယီ ပိတ်ပင်ခြင်း ခံထားရကြောင်း အစိုးရ စုံစမ်း စစ်ဆေးရေး ကော်မတီ အာဏာပိုင် များက လာရောက် သတင်းပို့ကြောင်း ၀န်ကြီးက ဆိုသည်။ ထို့ကြောင့်လည်း ဒီဇင်ဘာ (၁၇)ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်မည့် အဖွဲ့သည် ၀န်ကြီးမပါဘဲ ထွက်ခွာ သွားခဲ့ရသည်။

ပါကစ္စတန်သည် ကမာ္ဘပေါ်တွင် လာဘ်ပေး လာဘ်ယူမှု အများဆုံး နိုင်ငံတခုဖြစ်ပြီး သမိုင်းတလျှောက် နိုင်ငံရေး အပြောင်းအလဲ မျိုးစုံ ပေါ်ပေါက်ခဲ့ဖူးသည့် မှတ်တမ်းများလည်း ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here