ပန်းချီပြပွဲ အတွက် အဝတ်ဗလာဖြင့် ကီရာနိုက်တလေ ကိုယ်ဟန်ပြ

alt

ဗြိတိန် ရုပ်ရှင်မင်းသမီး ကီရာ နိုက်တလေ သည် ပန်းချီပြပွဲတခု အတွက် အဝတ်မဲ့ ကိုယ်ဟန်ပြပေး ခဲ့ကြောင်း သိရှိရသည်။ Pirates of Caribbean၊ Duchess နှင့် Atonement ဇာတ်ကား များတွင်

ပါ၀င်ခဲ့သည့် နိုက်တလေ သည် ပန်းချီဆရာ မစ်ချ်ဂရစ်ဖစ် ၏ အသစ် ဖွင့်လှစ်မည့် ပန်းချီပြပွဲတွင် ကိုယ်ဟန် ပြရန် လန်ဒန်ရှိ ဟယ်လီကွန် Gallery သို့ သွားရောက်ခဲ့ကြောင်း သတင်း များက ဆိုသည်။

နိုက်တလေ နှင့် နီးစပ်သူများက မင်းသမီး သည် ဂရစ်ဖစ် ကဲ့သို့ နာမည်ကြီး တဦးက သူမ၏ ပုံတူကို ရေးဆွဲပေးခြင်း အတွက် နိုက်တလေ ကိုယ်တိုင်က အလွန် ဂုဏ်ယူနေကြောင်း သိရှိရသည်ဟု  ပြောကြားခဲ့ကြသည်။

အသက် (၂၄)နှစ်ရှိ မင်းသမီး ကိုယ်တိုင် ပါ၀င်လာခြင်း အပေါ် ပန်းချီ ဆရာကလည်း ကျေနပ်လျက် ရှိနေခဲ့သည်။ ဂရစ်ဖစ်သည် အမျိုးသမီး ၀တ်လစ်စလစ် ပုံတူများ ရေးဆွဲရာတွင် အလွန် နာမည်ကျော်သည့် အနုပညာရှင် တဦးဖြစ်သည်။

နိုက်တလေသည် ဟောလီးဝုဒ်၏ အလှဆုံး အမျိုးသမီးများ အနက် တဦးအဖြစ် သတ်မှတ် ခံထားရသူဖြစ်ပြီး သူမ၏ပုံတူကို လာမည့်နှစ်တွင် ဖွင့်လှစ်မည့် ပြပွဲအတွင်း ခင်းကျင်း ပြသသွားမည် ဖြစ်သည်ဟု ဆိုသည်။ နိုက်တလေသည် လတ်တလောတွင် ရုပ်ရှင် ရိုက်ကူးမှု မရှိဘဲ လန်ဒန်မြို့ ၀က်စ်အန့် ပြဇာတ်ရုံတွင် The Misanthrope အမည်ရှိ ပြဇာတ်ကို ကပြ ဖျော်ဖြေ နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here