အာဆင်နယ် ခံစစ်မှူးအား ဘေယန်မြူးနစ် ခေါ်ယူရန် စီစဉ်နေ

alt

ဘေယန် မြူးနစ် အသင်းသည် အာဆင်နယ် ခံစစ်မှူး ဖိလစ်ပီ ဆန်းဒရို့ အား ခေါ်ယူရန် ကြံစည်နေကြောင်း သိရှိရသည်။ ဆွစ်ဇာလန် လက်ရွေးစင် ခံစစ်မှူးသည် ယမန်နှစ်က အီတလီ

ကလပ် စီးရီးအေသို့ အငှား သွားရောက် ကစားခဲ့ရပြီး ယခုနှစ် အာဆင်နယ် တွင် နေရာမရဘဲ ရုန်းကန် နေရသူ ဖြစ်သည်။

ဂျာမန် ကလပ်အသင်းကြီး သည် ပင်ကိုယ် ခြေစွမ်းရှိသည့် အသက် (၂၄)နှစ် အရွယ် ကစားသမားအား ဂျာမန်မြေသို့ ပြောင်းရွှေရန် ဆွဲဆောင် နိုင်မည်ဟု မျှော်လင့် နေကြသည်။

ဘေယန် သည် အသင်းမှ ဘရာဇီး လူငယ်လေး ဘရီနို နှင့် ဆန်းဒရို့ တို့အား အနာဂတ် ခံစစ်အတွဲ အဖြစ် ပုံဖော်သွားနိုင်ရန် မျှော်လင့်လျက် ရှိနေပြီး၊  အာဆင်နယ် အနေနှင့် ထိုသတင်းအတွက် ထင်မြင်ချက် မပေးသေး သော်လည်း ဘေယန် ကမူ ဇန်နဝါရီလ အတွင်း တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်သွားဖွယ် ရှိနေသည်။

အာဆင်နယ် အနေနှင့် ၎င်းတို့၏ အရံ ခံစစ်မှူးအား ပေါင်(၁.၅)သန်းမျှ ရရှိပါက ရောင်းထုတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။ ဆန်းဒရို့ အား အဲဗာတန် အပါအဝင် အင်္ဂလန် ကလပ် အချို့ကလည်း စိတ်ဝင်စား နေသည့်တိုင် အာဆင်နယ် နည်းပြကြီး အာဆင်ဝင်ဂါ က ပြည်ပကလပ်များ သို့သာ ရောင်းချသွားလိုသည့် ဆန္ဒ ရှိနေကြောင်း လန်ဒန်ဘော်လုံး ရပ်ကွက်မှ သတင်းများတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here