ငယ်ဘဝ အချစ်ရေး ကံ မကောင်းပါဟု တေလာဆွစ် ဝန်ခံလိုက်

alt

ကန်းထရီး အဆိုတော် မလေး တေလာဆွစ် က သူမသည် ငယ် ဘဝတွင် အချစ်ရေး ကံ မကောင်း ခဲ့ကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။ ယခုအခါ အမေရိကန်၏ အလားအလာ အကောင်းဆုံး လူသစ်တန်း အဆိုတော်

မလေးအဖြစ် ထင်ရှားနေသည့် ဆွစ်က ကျောင်းတက်နေစဉ် ကာလအတွင်း သူမသည် ယောက်ျားလေး များနှင့် တွေ့ဆုံရာတွင် အဆင်မပြေဘဲ အခြား သူများ အဆင်ပြေအောင် အောင်သွယ် ပေးရသည့် ဘဝတွင်သာ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက် (၁၉)နှစ် အရွယ် Love Story စတား အဆိုတော် မလေးက နက်ရှ်ဗီးလ် တွင် ကျောင်းတက်နေစဉ် သူမအတွက် ရင်ခုန် တိမ်းမူးဖွယ် အချစ် ပုံပြင်လေးများ မကြံုခဲ့ဖူးကြောင်း Contactmusic.com နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂရမ်မီ ဆုအတွက် ဆန်ခါတင် အဖြစ် ရွေးချယ် ခံထားရသည့် ဆွစ်က သူမအတွက် ကျောင်းနေစဉ် ဘဝမှာ သူငယ်ချင်း များအား ကူညီရင်းသာ အချိန်ကုန် နေခဲ့ရသဖြင့် မှတ်မှတ်ရရ ကိစ္စများမရှိပါဟု ၀န်ခံခဲ့သည်။ အချစ်ရေး ကံခေသူ ဆွစ်သည် ယခုအခါ Twilight: New Moon ဇာတ်ကားဖြင့် တရှိန်ထိုး နာမည်ကြီး လာသူ မင်းသား တေလာ လောက်တနာ နှင့် တွဲနေပြီ ဖြစ်သည်။

သူမအား ကျောင်းနေဖက်များက ယခုတိုင် တံခါးနောက်က မိန်းကလေးဟု ကျီစား ခေါ်ဝေါ်နေဆဲ ဖြစ်ကြောင်း၊ သူမသည် ချစ်သူများ နေ့တွင် ယောက်ျားလေး သူငယ်ချင်းများက ၎င်းတို့ နှစ်သက်သည့် မိန်းကလေးများနှင့် အပြင်ထွက် လည်နိုင်ရန် အောင်သွယ်ပေးရေး အမြဲတမ်း အကူအညီ တောင်းခံရသည့် မိန်းကလေး တဦးသာဖြစ်ကြောင်း၊ သူမသည် တခါတရံ ထို့အတွက် ခံစားရသည့်တိုင် အကြံကောင်းများ ပေးတတ်မြဲ ဖြစ်ကြောင်း ဆွစ်က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here