ချဲလ်ဆီး နောက်ခံလူအား ရရှိရေး နစ္စတယ်ရွိုင်းအား ရီးရဲလ်မက်ဒရစ် အသုံးချဖွယ်ရှိ

alt

ရီးရဲလ် မက်ဒရစ် အသင်းသည် ချဲလ်ဆီး နောက်ခံလူ ရီကာဒို ကာဗယ်ဟို အား ရရှိရေး အတွက် ရုဗင် နစ္စတယ်ရွိုင်း အား ငါးစာအဖြစ် အသုံးချဖွယ် ရှိနေကြောင်း သိရှိရသည်။

အသက် (၃၁)နှစ်ရှိပြီ ဖြစ်သော ပေါ်တူဂီ လက်ရွေးစင် ခံစစ်မှူးအား စပိန် ကလပ်က ခေါ်ယူရန် အလိုရှိနေပြီး ထို့အတွက် ချဲလ်ဆီးအား ဟော်လန် လက်ရွေးစင် တိုက်စစ်မှူးကို အလိုက်ပေး ကမ်းလှမ်းလာဖွယ်ရာ ရှိနေသည်။

ရီးရဲလ်သည် အသင်းမှ ဒဏ်ရာရ ပေါ်တူဂီ လက်ရွေးစင် ခံစစ်မှူး ပီပီ၏ နေရာတွင် အစားထိုးရန် ကာဗယ်ဟို အား စိတ်ဝင်စားနေခြင်း ဖြစ်သည်။ ကာဗယ်ဟို သည် ဘရာဇီး လက်ရွေးစင် အဲလက်စ်ကြောင့် ချဲလ်ဆီးတွင် ပုံမှန် နေရာရရေး ခြိမ်းခြောက် ခံနေရဆဲ ဖြစ်သည်။

အသက် (၃၃)နှစ်အရွယ် ဗန်နစ္စတယ်ရွိုင်းသည် မန်ချက်စတာ ယူနိုက်တက် နှင့်အတူ အကောင်းဆုံး ခြေစွမ်း ပြခဲ့ဖူးသည့် အင်္ဂလန် ဘောလုံးလောက အတွေ့အကြံုရင့် တိုက်စစ်မှူး တဦးဖြစ်ရာ အာဖရိက ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း အဓိက တိုက်စစ်မှူး ဒီဒီယာဒရော့ဂ်ဘာကို လက်လွှတ်ရမည့် ချဲလ်ဆီးအတွက် စိတ်ဝင်စားစရာ ဖြစ်လာဖွယ် ရှိနေခဲ့သည်။

ရီးရဲလ်သည် မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး၊ နီမန်ဂျာဗီဒစ်၊ အဲဗာတန်မှ ဂျက်ရော့ဝဲတို့ကို လိုက်နေကြောင်းလည်း သတင်း ထွက်နေသည့်တိုင် ရီးရဲလ်ဥက္ကဌ ဖလော်ရင်း တီနိုပီရက်စ်က ကာဗယ်ဟိုအား သဘောအကျဆုံးဟု ၀န်ခံထားသည်။ ကာဗယ်ဟိုသည် (၂၀၀၄) ခုနှစ်က ပေါ်တူဂီကလပ် ပေါ်တိုမှ တဆင့် ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၂၀)ဖြင့် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here