ဂျူး အိမ်ယာများ တိုးချဲ့မှု ရပ်တန့်ပါက ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည် ဟုဆို

alt

မိမိတို့ နယ်မြေအပေါ် ဂျူးတို့ အိမ်ယာ များ တိုးချဲ့တည်ဆောက် နေမှုကို ရပ်တန့် လိုက်ပါက (၆)လ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အပြီးသတ် အောင်မြင် မည်ဟု ပါလက်စတိုင်း ခေါင်းဆောင် မာမွတ်အဘတ် က

ပြောကြားလိုက်သည်။

ဒီဇင်ဘာ (၁၅)ရက် နေ့က Haaretz သတင်းဌာန နှင့် အင်တာဗျူးတွင် အဘတ်က အစ္စရေး သမ္မတ ဘင်ဂျမင် နာတန်ယာဟူး အနေနှင့် ၎င်း၏ နယ်မြေတိုးချဲ့ရေး စီမံကိန်းကို မပြောင်းလဲ သ၍ ပါလက်စတိုင်း နှင့် စစ်မှန်သော ဆွေးနွေးပွဲကို ဦးတည်နိုင်မည် မဟုတ်ဟု ပြောဆိုသွားခဲ့သည်။

မိမိ အနေနှင့် ကာကွယ်ရေး ၀န်ကြီး အီဟွတ်ဘာရတ်နှင့် လွန်ခဲ့သော (၃)ပါတ်က ဖုန်းဖြင့် စကားပြောခဲ့ကြောင်း၊ အစ္စရေးတို့ နယ်မြေ တိုးချဲ့မှုများ ရပ်ဆိုင်း သွားသည်နှင့် အခြေအနေမှာ အကောင်းဖက် ဦးတည် လာနိုင်သည်ဟု အကြံပြုခဲ့ကြောင်း အဘတ်က ပြောကြားလိုက်သည်။

အရှေ့ ဂျေရုဆလင်တွင် အစ္စရေးတို့ နေအိမ်များ တိုးချဲ့လာခြင်းကို ဆိုင်းငံ့ လိုက်ပါက မိမိအနေနှင့် အစ္စရေး ခေါင်းဆောင်များအား ၀မ်းပန်းတသာနှင့် တစားပွဲတည်းထိုင် ဆွေးနွေးသွားရန် အသင့် ရှိနေကြောင်းလည်း အဘတ်က ဆိုသည်။ အစ္စရေး နိုင်ငံသည် နိုင်ငံတကာ ကန့်ကွက်မှုများ ပြင်းထန် နေသည့်ကြားမှ ဂျေရုဆလင်တွင် အိမ်ယာအသစ် ဆောက်လုပ်ရေး စီမံကိန်းများကို တိုးချဲ့ လုပ်ဆောင်နေဆဲ ဖြစ်သည်။

အမေရိကန် အစိုးရသည် အစ္စရေး နှင့် ပါလက်စတိုင်း တွေ့ဆုံညှိနှိုင်းရေး ကြားဝင် ဆောင်ရွက်မှုများ ပြုလုပ် ပေးခဲ့သော်လည်း အဘတ်က အစ္စရေးတို့၏ ကျူးကျော်သော အပြုအမူများကို မရပ်ဆိုင်းမချင်း ဆွေးနွေးမှုများ မပြုလုပ်နိုင်ကြောင်း တင်းတင်းမာမာ ငြင်းဆန် ထားသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here