အရွယ် တင်ခြင်းသည် အသက်ရှည်ခြင်း၏ လမ်းစဖြစ်

alt

အရွယ် တင်ခြင်းသည် အသက်ရှည် ခြင်း၏ လမ်းစ တခုလည်း ဖြစ်ကြောင်း ဒိန်းမတ် နိုင်ငံမှ သုတေသီ များက ထို အချက်အလက်ကို ရှာဖွေ တွေ့ရှိ ခဲ့ကြပြီ ဖြစ်သည်။

(၂၀၀၁) ခုနှစ် ကတည်းက စတင် လေ့လာခဲ့သည့် သုတေသန ရလဒ်များ အရ ကလေးဆန်ဆန် မျက်နှာနှင့် အရွယ်တင် သောသူများသည် သာမန် လူများထက် ပျမ်းမျှသက်တမ်း ပိုရှည် လေ့ ရှိကြောင်း သိရှိရသည်။

ပညာရှင် များသည် အသက် (၇၀)အရွယ် အမြွှာပေါင်း (၁၈၀၀)ကျော် တို့အား ဓာတ်ပုံများ ရိုက်၍ (၃)စုခွဲ မှတ်တမ်းတင် စမ်းသပ်မှု ပြုခဲ့ရာ၊ ယင်းတို့အနက် တစုသည် ဓာတ်ပုံကို ကြည့်ပါက အသက်အမှန်ကို မပြောပ နိုင်လောက် အောင် နုပျိုသူများ ဖြစ်ကြသည်။

ပညာရှင် များက အုပ်စုခွဲခြား လေ့လာမှုများ ပြုလုပ်ပြီးနောက် အရွယ်တင် နုပျိုသည့် အဖွဲ့သည် လူ့လောကတွင် သာမန်ထက် (၇)နှစ်နှင့် အထက် ပိုမိုသက်တမ်း ရှည်ရှည် နေရသည်ကို ဖော်ထုတ် နိုင်ခဲ့သည်။

အရွယ် တင်ခြင်းသည် DNA တမျိုးနှင့် ဆက်စပ်နေပြီး ယင်း DNA သည် အသက်ရှည် ကျန်းမာအောင် လှုံ့ဆော် ပေးနိုင်သည့် အစွမ်းသတ္တိ ရှိကြောင်း ပညာရှင်များက ဒီဇင်ဘာ (၁၄)ရက် နေ့ထုတ် ဗြိတိသျှ ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့ကြသည်။

ယင်း ဖြစ်စဉ်သည် အသက်(၇၀)ကျော် သက်ကြီးပိုင်းတွင် ပိုမို သိသာလေ့ရှိပြီး ဆရာဝန်များ အနေနှင့် သုတေသန ကိစ္စများကို အသေအချာ စီမံ လေ့လာခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here