အကြမ်းဖက်သမား အဖြစ် စွဲချက် တင်ခံရသူအား အာမခံပေးရန် အမေရိကန် တရားရုံးငြင်းပယ်

alt

အမေရိကန် အစိုးရ တရားရုံးတခု အကြမ်းဖက် သမားဟု စွပ်စွဲ ခံထား ရသည့် တာဟော်ဝါ ဟူစိန်ရာနာ အား တရားဝင် စွဲချက် မတင်မီ အထိ အာမခံ ပေးရန် တောင်းဆိုမှုအား ပယ်ချလိုက် ကြောင်း သိရှိရသည်။

ချီကာဂို တရားရုံးက အသက် (၄၈)နှစ် အရွယ် ဟူစိန်သည် အကြမ်းဖက်မှုကို အားပေး အားမြှောက် ပြုလုပ်ခဲ့သည် ဆိုသော စွဲချက်ဖြင့် စစ်ဆေး ခံရမည်ဟု အတည်ပြုခဲ့ပြီး ၎င်းအနေနှင့် နိုင်ငံရပ်ခြားသို့ ထွက်ပြေး တိမ်းရှောင် သွားနိုင် သဖြင့် အာမခံ မပေးနိုင်ကြောင်း ကြေညာခဲ့သည်။

ဟူစိန်သည် မိုဟာမက်ကို လှောင်ပြောင်သည့် ကာတွန်းတခု ထည့်သွင်း ဖော်ပြခဲ့သည့် ဒိန်းမတ် သတင်းစာတိုက် တခုနှင့် ၂၀၀၈ ခုနှစ် မွန်ဘိုင်း အကြမ်းဖက် တိုက်ခိုက်ရန် စီမံကိန်း ရေးဆွဲ ကူညီခဲ့သည်ဟု စွဲချက် တင်ခံထားရသူ ဖြစ်သည်။

ဒီဇင်ဘာ (၁၅)ရက် နေ့က ချီကာဂို တရားရုံးသည် ဟူစိန်အတွက် ဒေါ်လာ (၁.၆)သန်းတန် အာမခံကြေးကို ပယ်ချခဲ့ပြီး ဟူစိန်သည် နိုင်ငံတကာနှင့် စီးပွားရေး ချိတ်ဆက်မှုများ ရှိနေသောကြောင့် ထွက်ပြေးလွတ်မြောက် သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ တရားသူကြီး နန်စီနိုလန်က ဟူစိန်သည် နိုင်ငံတကာတွင် အဆက်အသွယ် ကောင်းများ ရှိနေသူ ဖြစ်ကြောင်း၊ အကယ်၍ လွတ်မြောက် သွားပါက အကြီးအကျယ် ပြဿနာ တက်လာနိုင်ကြောင်း သတိပေး ပြောဆိုလိုက်သည်။

ဟူစိန်သည် ပါကစ္စတန်တွင် မွေးဖွားခဲ့ပြီးနောက် စစ်တပ်ဆရာဝန် တဦးအဖြစ် အမှုထမ်း ခဲ့ဖူးသူဖြစ်သည်။ တရားသူကြီး နန်စီက သူမ အနေနှင့် ဟူစိန်၏ အနေအထားကို လျှော့မတွက် ရဲသဖြင့် အကျဉ်းချထားစေရန် အမိန့် ချမှတ်ခဲ့ကြောင်း ပြောဆို သွားခဲ့သည်။

ဟူစိန်သည် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တွင် လွန်ခဲ့သည့် (၁၅)နှစ် ကတည်းက အခြေချ နေထိုင်ခဲ့ပြီး စီးပွားရေး လုပ်ငန်းပေါင်း အတော် များများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here