အလစ်သုတ် သမားအား လက်လုပ် လေးနှင့်မြှားဖြင့် ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့

alt

အိမ်အနီး အလစ်သုတ်ရန် ချောင်း မြောင်း နေသည်ဟု ယူဆရသူ တဦး အား လူတဦးက လက်လုပ် လေးနှင့် မြှားကို အစွမ်းပြ ပစ်ခတ်ကာ ဖမ်းဆီး လိုက်ကြောင်း ၀ါရှင်တန် ပြည်နယ်ရှိ ကယ်လ်ဆို ရဲတပ်ဖွဲ့က ပြောကြား

လိုက်သည်။

ရဲများ၏ အဆိုအရ ခေတ်သစ် ရော်ဘင် ဟုဂ် (ခေါ်) ဂျင်(မ်) ချိန်ဘာသည် မိမိ၏ နေအိမ်အနီး အခန်းတခုသို့ ဖောက်ထွင်း ၀င်ရောက်ရန် ပြင်ဆင်နေသူအား မြှားဖြင့် ပစ်ခဲ့ရာ အလစ်သုတ်သူ တင်ပါးတွင် ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။

ထို့နောက် အသက် (၃၂)နှစ် အရွယ် မသင်္ကာသူ ဂေလန်ကိန်းမှာ ဒီဇင်ဘာ (၁၃)ရက် နေ့က မြှားဖြင့် ပစ်ခတ် ခံရပြီးနောက် စိန့်ဂျွန်း ဆေးရုံတွင် တက်ရောက် ကုသခဲ့ရာမှ ဖမ်းဆီးရမိသည်ဟု  ကယ်လ်ဆို ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။

အိမ်ရှင်သည် ၎င်းအား မြှားဖြင့်ချိန်ကာ ရပ်ရန် ပြောကြားကြောင်း၊ သို့သော်လည်း မိမိက နားမထောင်ဘဲ ထွက်ပြေး ခဲ့ပြီးနောက် ရလဒ် အနေနှင့် တင်ပါးမှမြှားကို ခွဲထုတ်ခဲ့ရကြောင်း ရဲများကို အလစ်သုတ်ရန် ကြံရွယ်သူက ဖြောင့်ချက်ဆိုသည်။

ကယ်လ်ဆို ရဲဌာနမှ ရဲမှူးကြီး ဗန်သွမ်ဆန်က ယခုကိစ္စအတွက် စိတ်ရှုပ်ထွေး နေရကြောင်း၊ မိမိတို့သည် လောလောဆယ်တွင် မည်သူ့ကိုမျှ မဖမ်းထားသေး သလို မြှားဖြင့် ပစ်သူရော၊ အပစ်ခံရသူပါ မတူညီသော ပုဒ်မများဖြင့် စွဲချက်တင် စစ်ဆေး ခံရနိုင်သည့် အခြေအနေ ရှိကြောင်းသာ အရိပ်အမွက် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here