မြန်မာ အိမ်ဖေါ်အား အကြမ်းဖက်မှု စင်္ကာပူအိမ်ရှင် ထောင်ဒဏ်၊ငွေဒဏ် ကျခံရမည်

alt

အိမ်ဖေါ်အား အိမ်ရှင်မှ အနိုင်ကျင့် လုပ်ဆောင်မှု ၁၄ခုနှင့် အခြားသော မှားယွင်း အကြမ်းဖက် လုပ်ဆောင်မှု များကို ဒေသတွင်း တရားရုံးတော်၌ ၁နှစ်ကျော် အကြာ စစ်ဆေးနေရာ ယင်းဖြစ်ရပ်အား လာမည့် ဇန္နဝါရီလ

၁၄ရက် နေ့တွင် အဆုံးသတ်ကာ အိမ်ရှင်မှ အပြစ်ရှိကြောင်း ဆုံးဖြတ်၍ အပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း စင်္ကာပူ ရဲတပ်ဖွဲ့မှ ယနေ့ ပြောကြား လိုက်သည်။

အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်ဖေါ် မမိုးသန္တာလင်း အား အိမ်ရှင်ဖြစ်သူ မစ္စ ပက်ချုံကင်မ် (အသက်-၄၁နှစ်) မှာ ပန်းမုန်လာ လှီးဖြတ် ရာတွင် မှားယွင်း မှုကြောင့် ရေနွေးအိုးနှင့် ရိုက်ကာ ရေနွေးပူဖြင့် လက်မောင်း နှင့် မျက်နှာ အား ပက်ခြင်းဖြင့် နောက်တနေ့တွင် သူမ၏ အလုပ်အကိုင် ရှာဖွေရေး အေးဂျင့် အား တိုင်ကြားရာမှ ယခု အမှုအား ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု စင်္ကာပူ သည်စရိတ်တိုင်း(မ်)  သတင်းစာက ဆိုသည်။

ဒေသတွင်း ရုံးတော်၌ ကြားနား စစ်ဆေးသော အမှုတွင် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ (၁၅)ရက် နေ့က ဖြစ်ပွားခဲ့သော အခင်းဖြစ်ပွားရာတွင် ယောင်းမဖြင့် ရိုက်နှက်ခြင်း၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့က မစ္စပက်၏ ခလေး ထမင်းစား စားပွဲတွင် ရေများ ဖိတ်စင်ခြင်းအား သုတ်ရာ၌ မပြောင်ခြင်းအား ခြေသလုံး၌ ကြိမ်လုံးဖြင့် ရိုက်ခဲ့ခြင်း၊ အချက်အပြုတ် မှားယွင်းရာတွင် လက်မောင်းအား ယောင်ကိုင်းသည် အထိ ထိုးနှက် ခံရခြင်းတို့ ပါဝင်သည်ဟု သိရှိရသည်။

မစ္စ ပက်ချုံကင်(မ်) မှာ ကလေး ၂ဦးရှိပြီး တဦးမှာ ၁နှစ်ကျော် ဖြစ်၍ အခြားတဦးမှာ ၃နှစ်သားဟု သိရှိ ရသည်။ ပြစ်မှု ကျူးလွန်သူ မစ္စပက် မှာ ထောင်ဒဏ် ၃နှစ်နှင့် ငွေဒဏ် စင်္ကာပူဒေါ်လာ ရ၅၀၀ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here