HIV ကူးစက်မှု တားဆီးရေ ဂျယ်တမျိုး စမ်းသပ် သုံးစွဲမှု မအောင်မြင်

alt

HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားဆီး နိုင်သည်ဟု ယူဆရသည့် ဂျယ် တမျိုးကို အာဖရိက တိုက်တွင် စမ်းသပ် သုံးစွဲခဲ့မှုမှာ မအောင်မြင်ခဲ့ဟု သိရှိ ရသည်။ PRO 2000 ဟု အမည် ပေးထားသည့် ယင်းဂျယ်သည်

HIV ပိုး ကူးစက်မှုကို ထိထိ ရောက်ရောက် လျော့ကျစေမည် ဟူသော မျှော်လင့်ချက်ဖြင့် အကြီးစား စီမံကိန်းအဖြစ် စမ်းသပ်ခဲ့သည့်တိုင် ထိရောက်သော အာနိသင် မရှိကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ရသည်။ ပညာရှင်များသည် အာဖရိကတိုက်ရှိ နိုင်ငံများမှ အမျိုးသမီးပေါင်း (၉၃၈၄၅) ဦးတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေး တာဝန်ရှိသူများက အာဖရိကတိုက်တွင် ကွန်ဒုံး ဝေငှမှုသည် HIV ပိုး ကူးစက်ခြင်းကို ထိန်းသိမ်းနိုင်ရေး လုံလောက်သည့် နည်းလမ်းတခု မဟုတ်ကြောင်း ၀န်ခံ ခဲ့ပြီးနောက် ယခု ဂျယ်အား ကြီးကြီးမားမား မျှော်လင့်ချက် ထားရှိခဲ့ကြသည်။ သို့သော်လည်း ဆာဟာရ သဲကန္တာရနှင့် ပတ်ဝန်းကျင် နိုင်ငံများတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများ အရ ယင်းဂျယ်သည် စမ်းသပ်ခဲ့သည့် အမျိုးသမီးများ၏ (၆၀) ရာခိုင်နှုန်းကျော်အား ဗိုင်းရပ်စ် ကူးစက်ခြင်းမှ မကာကွယ် နိုင်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ကြရသည်။

ယခင်က ပြုလုပ်ခဲ့သည့် ပိုမို အကြမ်းဖျင်းဆန်သည့် စမ်းသပ်မှုတွင် PRO 2000 ဂျယ်သည် အမျိုးသမီးများ၏ (၃၀) ရာခိုင်နှုန်းတွင်သာ ဗိုင်းရပ်စ် ကူးစက်စေသည်ဟု ညွှန်ပြခဲ့သော်လည်း ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုတွင်မူ ထင်သလောက် အာနိသင် မရှိကြောင်း တွေ့ရှိလာခဲ့သည်။ ပညာရှင်များက ယခုတကြိမ် လေ့လာ စမ်းသပ်မှုသည် လိုအပ်ချက်၊ လစ်ဟာချက်များကို အသေးစိတ် ခြံုငုံ သုံးသပ်နိုင်ရန် လုံလောက်သည် အထိ ကျယ်ပြန့်ကြောင်း ပြောကြားခဲ့သည်။

လန်ဒန် အင်ပီးရီးရယ် ကောလိပ်မှ ပရော်ဖက်ဆာ ဂျိုနသန်ဝက်ဘာက မိမိတို့သည် အာဖရိက အမျိုးသမီး များအား ကွန်ဒုံးအပြင် ဂျယ်များကိုပါ ဝေငှခဲ့ကြောင်း၊ ယခု သုတေသန ရလဒ်များ အရ ယင်းဂျယ်သည် ယခင် မျှော်လင့်ထားသည် ကဲ့သို့ လုံခြံုသော လိင် ဆက်ဆံမှုကို ဖြစ်မလာ စေကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here