တရုတ်တွင် အလွန်ကြီးမားသော ဒစ်ဂျစ်တယ် ရုပ်ရှင် စတူဒီယိုကြီးတခု ဖွင့်လှစ်

alt

ဘီဂျင်းမှ အရှေ့မြောက်ဖက်သို့ ကားဖြင့် သွားလျှင် ၂နာရီ ခရီးအကွာအဝေး ရှိသော ဆင်ခြေဖုံး၌ တရုတ် အစိုးရပိုင် ရုပ်ရှင်နှင့် တယ်လီဗေးရှင်း အုပ်စုမှ ပိုင်ဆိုင်သော ဒစ်ဂျစ်တယ် ရုပ်ရှင်များ ထုတ်လုပ်နိုင်မည့် စတူဒီယိုကြီး

တခုကို Huairou အရပ်၌ ဩဂုတ်လ ကုန်ပိုင်းမှ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၂၉၂သန်း ( တရုတ်ယွမ်ငွေ ၂ဘီလျံ ) အကုန်ကျခံ တည်ဆောက် ထားသော စတူဒီယိုမှာ မြေဧက ၁၃၁ဧက ပေါ်တွင် အင်ဒိုး စတူဒီယို ၁၆ခုရှိပြီး ၁ခုမှာ ဒစ်ဂျစ်တယ် ရုပ်ရှင်များ အစအဆုံး ထုတ်လုပ်နိုင်သည်ဟု သိရှိရသည်။

တရုတ်ပြည်တွင် ဒုတိယ အကြီးဆုံး ဟန်ဒီယမ် ရုပ်ရှင်စတူဒီယို ဥက္ကဋ္ဌ လျူဇီဂျမ် က Made in Hollywood မဟုတ်တော့ပဲ Made in Asia: China ဟု ဟစ်ကြွေး နိုင်ပါပြီဟု ဆိုလိုက်သည်။ တနှစ်လျှင် ကမာ္ဘ့အဆင့်မီ ရုပ်ရှင်ကားပေါင်း ၈၀ ၊ ဒစ်ဂျစ်တယ် ကား ၁၀၀ နှင့် ရုပ်မြင်သံကြား စီးရီးပေါင်း ၅၀၀ ခန့် ထုတ်လုပ်နိုင်သည်ဟု သိရှိရသည်။

ဒုတိယ အကြီးဆုံး စတူဒီယို ဟန်ဒီယမ်မှာ တရုတ်ပြည် အရှေ့ပိုင်း ဇီဂျန်း ခရိုင်တွင်ရှိပြီး စတူဒီယိုအကြီးအား တနေ့လျှင် ယွမ် ၂၀၀၀ ( အမေရိကန်ဒေါ်လာ- ၂၉၂ ဒေါ်လာ )၊ စတူဒီယိုအသေးလျှင် ယွမ် ၁၅၀၀ ( ဒေါ်လာ – ၂၁၉ ) ဖြင့် ငှားရမ်းသည်ဟု သိရှိရသည်။

ဟောင်ကောင်နှင့် ဖက်စပ်ပြုက ၂၀၀ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်ခဲ့သော ဟန်ဒီယမ် ရုပ်ရှင် စတူဒီယိုမှ တရုတ်ဘုရင် မင် မင်းဆက်နှင့် ကွင် မင်းဆက်တို့ အကြောင်း ရိုက်ကူးထားသော Beijing’s Forbidden City၊ ဒါရိုက်တာ အန်းလီ၏ “Crouching Tiger, Hidden Dragon”၊ ဒါရိုက်တာ ကျောင်ရီမူး၏ “Hero” နှင့် ယခင်နှစ်က Lionsgate ကုမ္မဏီမှ ဂျက်လီ နှင့် ရိုက်ကူးသော “The Forbidden Kingdom” တို့မှာ ဟန်ဒီယမ် ရုပ်ရှင်စတူဒီယို အတွင်း ရိုက်ကူးခဲ့သော ရုပ်ရှင်များ ဖြစ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here