ဘာလူစကိုနီ ထမင်းမစားနိုင် ဆေးရုံ၌ ရှိနေဆဲ

alt

လွန်ခဲ့သော တနင်္ဂနွေနေ့ (၁၃-၁၂-၀၉) က အီတလီနိုင်ငံ မီလန်မြို့တွင် စိတ် မနှံ့သူ တဦးမှ မီလန် ဘုရားရှိခိုး ကျောင်းဆောင် ပုံစံ သတ္တုရုပ်နှင့် မျက်နှာအား ထိုးရိုက်ကာ သွေးထွက် သံယို ဖြစ်သည် အထိ တိုက်ခိုက်

ခံခဲ့ရသည့် အီတလီ ဝန်ကြီးချုပ် ဘာလူစကိုနီ သည် နှာခေါင်းရိုးနှင့် သွား၂ချောင်း ကျိုးသဖြင့် ယနေ့တိုင် ထမင်း မစားသောက် နိုင်သေးပေ။

ဘာလူစကိုနီ သည် ၎င်း၏ ပါတီအတွက် မဲဆွယ် စည်းရုံးမှုအပြီး ပြန်လည် ထွက်ခွာလာစဉ် စိတ်ဝေဒနာသည် မက်ဆီမိုတာ တာတဂ္ဂလီယာ (အသက် ၄၂ နှစ်) က ဘာလူစကိုနီ အား ထောက်ခံသော လူအုပ်စုအတွင်းမှ အသာလျှိုနေပြီး လုံခြံုရေး အစောင့်များ၏ အလစ် အငိုက်တွင် ဘာလူစကိုနီ အား ရုပ်ထုဖြင့် ထုခဲ့ခြင်း ဖြစ်သည်။

ယင်း တိုက်ခိုက်မှုကြောင့် ဘာလူစကိုနီ၏ နှာခေါင်းနှင့် ပါးစပ် တဝိုက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သောကြောင့် ၎င်း၏ ကိုယ်ပိုင် ဆရာဝန်မှ ရက်သတ္တပါတ် ၂ပါတ်နားရန် ညွှန်ကြားထားပြီး ကမာ္ဘ့ရာသီဥတု ညီလာခံ (ကိုပင်ဟေဂင်) တွင် စကားပြောရန် ရှိသော အီတလီ ဝန်ကြီးချုပ်အား အစီစဉ် ဖျက်သိမ်းရန် အကြံပြုထားသည်ဟု သိရှိရသည်။

ဘာလူစကိုနီ၏ ပြောရေးဆိုခွင့် ရှိသူ ပေါလို ဘိုနိုင်ယူတီ ပြောပြချက်အရ လွန်ခဲ့သည့် အင်္ဂါနေ့က ဝန်ကြီးချုပ်မှာ ဝေဒနာ အဆိုးရွားဆုံး ခံစားနေရပြီး ဒဏ်ရာဟောင်း လည်ပင်းရိုး ကျိုးခြင်း မှာလည်း ပြန်လည် ဆိုရွားစွာ ခံစားရသည်ဟု ဆိုသည်။ အင်္ဂါနေ့ ညပိုင်းတွင် အမေရိကန် သမ္မတ အိုဘားမားမှ တယ်လီဖုန်း ဆက်ကာ ဘာလူစကိုနီအား ဆုမွန်ကောင်းများ တောင်းပေး သွားသည်ဟု သိရှိရသည်။

ဗုဒ္ဓဟူးနေ့က လုံခြံုရေး တင်းကျပ်စွာ ချထားသည့် မီလန်ဆေးရုံရှိ ဘာလူစကိုနီ အခန်း အောက်ထပ်၌လည်း မသင်္ကာဖွယ် စိတ်ရောဂါ ဝေဒနာရှင်တဦးအား ထပ်မံ တွေ့ရှိရသည်ဟု ၎င်း၏ ပြောရေးဆိုခွင့် ရှိသူက သတင်း မီဒီယာသို့ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here