Internet Movie Database ၏ ၂၀၀၉ ခုနှစ်အတွက် အတောက်ပဆုံး ကြယ်ပွင့်စာရင်း ထုတ်ပြန်

alt

Internet Movie Database က ၂၀၀၉ခုနှစ် အတွက် အတောက် ပဆုံး ကြယ်ပွင့်များ စာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာ လွန်ခဲ့သည့် (၅)နှစ် အတွင်း ထိပ်ဆုံးနေရာကို ကြီးစိုး ထားနိုင်သည့် Pirates of Caribbean

မင်းသား ဂျွန်နီဒိ(ပ်) မှာ Twilight ရုပ်ရှင်မှ မင်းသား ရောဘတ် ပက်တင်ဆန် နှင့် မင်းသမီး ခရစ္စတီယန် စတီးဝပ် တို့အား နေရာ ဖယ်ပေး လိုက်ရသည်။

ယခု စာရင်းမှ မဲစနစ်ဖြင့် Online မှတဆင့် ပရိသတ်အား ဆန္ဒမဲ ကောက်ခံ ကြေညာခြင်း ဖြစ်သည်။ ယခုမဲအရ Twilight: New Moon မှ ဇာတ်ဆောင် များသည် ထိပ်ဆုံးနေရာကို လွှမ်းမိုးခဲ့ပြီး ပက်တင်ဆန် က ပထမ၊ စတီးဝပ် က ဒုတိယ နှင့် မင်းသားတေလာ လောက်တနာ၊ မင်းသမီး ဒါကိုတာဖင်းနင်း က အဌမ အသီးသီး ရရှိခဲ့သည်။

အက်ရှလေ ဂရင်း နှင့် နစ်ကီရိ တို့မှာလည်း နံပါတ်(၁၁) နှင့် (၁၅) နေရာများတွင် ရပ်တည် နိုင်ခဲ့သည်။ ဒိ(ပ်) ကိုယ်တိုင်မှာမူ တတိယ နေရာသာ ရရှိခဲ့သည်။

ထိပ်ဆုံး (၁၀)ဦး စာရင်းတွင် မီဂန်ဖော့စ်၊ ဘရက်ပစ်၊ ခရစ်စတီယန် ဘေးလ်၊ ဇူဝီဒက်ချန်နယ်၊ ရိုင်ယန်ရေးနိုး တို့လည်း စာရင်း ပေါက်ခဲ့သည်။ အင်ဂျလီနာဂျိုလီ၊ ဂရက်ဘက်တလာ၊ လီယိုနာဒို ဒစ်ကာပရီယို၊ ရှားလီဘော့၊ စကားလက်ဂျိုဟန်ဆန်၊ တွမ်ခရု၊ ၀ီစမစ်နှင့် မီလီဆိုင်းရပ် တို့ကဲ့သို့ နာမည်ကျော် များသည်လည်း ထိပ်ဆုံး(၂၅)ဦး စာရင်းတွင် ပါ၀င်ခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here